၁၄၆ - ၁၅၀

482 53 0
                                    


အပိုင်း (၁၄၆) နန်းဆောင်ထဲသို့ ၀င်ရောက်ခြင်း

     ဝေဟောင်းသည် တဒင်္ဂမျှ မှင်သက်သွားပြီးနောက် ‌ရယ်မောလိုက်သည်။
     “ဟား...ဟား...ဟား...ညီအစ်ကို ချင်နန်က ရွှေမြင့်မြတ်တံဆိပ်ရဲ့ သွေးဆောင်မှုကိုတောင်မှ တွန်းလှန်နိုင်တယ်...ငါဆိုရင် မင်းလိုလုပ်နိုင်မယ်မထင်ဘူး...ငါတကယ်ကို အထင်ကြီးမိပါတယ်"

     ချင်နန်သည် ဘာမှမပြောဘဲ တည်ငြိမ်စွာပင် တစ်ချက်ကြည့်လိုက်သည်။

     ဝေဟောင်းသည် ချင်နန်၏ အဖက်မလုပ်လိုသည့် သဘောထားကြောင့် မကျေမနပ်ခံစားလိုက်ရသည်။ သို့သော်လည်း ချင်နန်၏ နောက်ခံကြောင့် ဘာမှမပြောတော့ဘဲ သူ၏ ဘေးမှ ၀မ်ရောင်လင်းကိုသာ ကလူ နေလိုက်သည်။

     ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ဟောင်ရွှဲ စိတ်သက်သာရာ ရသွားသည်။ ချင်နန် ဝေဟောင်းနှင့် ပူးပေါင်းသွားမည်ကို သူ စိုးရိမ်နေခဲ့သည်။ သို့သော်လည်း သူ အစိုးရိမ်လွန်သွားပုံရသည်။           

     ထို့နောက် လေထုမှာလည်း ပြန်လည်သက်၀င်လှုပ်ရှားလာပြီး ဆောင်းဦးကြယ်သမုဒ္ဒရာကို ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုနေကြသည်။
     ထိုအချိန်တွင် သိုင်းကံကြမ္မာနန်းဆောင်ကို သယ်ဆောင်လာသော ဧရာမလှိုင်းလုံးကြီးသည် ဆောင်းဦးတောင်နှင့် တဖြည်းဖြည်းနီးကပ်လာသည်။
    
     အမွှေးတိုင် တစ်တိုင်ခန့် ကုန်ဆုံးပြီးသည့်အချိန်တွင် ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံသူတစ်ယောက်သည် အလန့်တကြားအော်ဟစ်လိုက်သည်။
     “သိုင်းကံကြမ္မာနန်းဆောင် ရောက်လာပြီဟ"

     လူတိုင်းသည် ဆောင်းဦးကြယ်သမုဒ္ဒရာကို ကြည့်လိုက်ကြသည်။
     မီတာတစ်ရာကျော် မြင့်မားသော လှိုင်းလုံးကြီးသည် လူအုပ်ကြီးရှေ့တွင် ရပ်တန့်သွားပြီး ကြီးမာသော ကန့်လန့်ကာကြီးတစ်ခု  ပြည်ဖုံးကားချလိုက်သလိုပင် ခံစားလိုက်ရသည်။

     သိုင်းကံကြမ္မာနန်းဆောင်ကို ဤကဲ့သို့ အနီးကပ်ကြည့်လိုက်သောအခါ ချင်နန်၏ နှလုံးခုန်မြန်လာသည်။

    လှိုင်းလုံးကြီးပေါ်တွင်ရှိ‌နေသည့် အထပ်ငါးထပ်နှင့် နန်းဆောင်ကြီးသည် တောင်ကြီးတစ်လုံးဟု ထင်ရပေသည်။ နန်းဆောင်တစ်ခုလုံးသည် မရေမတွက်နိုင်သော ရွှေရောင် ရောင်ခြည်များ ထုတ်လွှင့်နေသည်။ နန်းဆောင်၏ အတွင်းပိုင်းမှ လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုကို ထုတ်ဖော်နေပြီး နန်းဆောင်တစ်ခုလုံးကို ဖုံးလွှမ်းနေကာ အလွန်ကို ခမ်းနားကြီးကျယ်လှသည်။
     ၎င်းသည် လုံဟွာနိုင်ငံ၏ တားမြစ်နေရာတစ်ခုဖြစ်သည့် သိုင်းကံကြမ္မာနန်းဆောင်ဖြစ်သည်။
     ထို့နောက် နန်းဆောင်တစ်ခုလုံးတုန်ခါသွားပြီး လေထဲသို့ အလင်းတန်းငါးခု ပစ်လွှတ်လိုက်သည်။ ထို့နောက် အလင်းတန်းငါးခုသည် ရောင်စုံတံတားတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ဆောင်းဦးတောင်နှင့် ဆက်သွယ်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now