၂၀၆ - ၂၁၀

457 52 0
                                    


အပိုင်း(၂၀၆) မြွေကိုမျက်လုံးများဖြင့် သတ်ခြင်း

     မဟာကလန်လေးခုလုံးတွင် သူတို့၏ ကိုယ်ပိုင်ရတနာများ ရှိကြသည်။ ဝိညာဉ်မြွေကြေးမုံဆိုသည်မှာ ပေါင်ကလန်၏ ကျော်ကြားသည့် ဟုန်ထျန်လက်နက် ရတနာတစ်ခုဖြစ်သည်။

    “ ဝိညာဉ်မြွေကြေးမုံ "
    ပေါင်လဲ့ရွှယ်သည် ဆုံးဖြတ်ချက်ချပြီးနောက် ချက်ချင်းပင် သူ၏ သိုလှောင်အိတ်ထဲမှ လေးထောင့်ပုံစံ အနီရောင်ကြေးမုံတစ်ခုကို ထုတ်ယူလိုက်သည်။ ကြေးမုံ၏ မျက်နှာပေါ်တွင် ရေအလွှာတစ်ခုရှိပြီး အထဲတွင် မြွေနဂါးတစ်ကောင်ရှိသည်။ မြွေသည် ကြေးမုံထဲမှထွက်ရန် အသင့်ဖြစ်နေသကဲ့သို့ သူ၏ မျက်လုံးများ အရောင်လက်သွားသည်။

    “ မိုးများရွာသွန်းပါစေ... မြွေက ရေမျက်နှာပြင်ထဲက ထွက်လာပါ "
    ပေါင်လဲ့ရွှယ်သည် သူ၏ သိုင်းဧကရာဇ်အထွတ်အထိပ် စွမ်းအားကိုသုံး၍ ဝိညာဉ်မြွေကြေးမုံကို အလင်းတစ်ခု ပစ်လွှတ်လိုက်ရာ ဝိညာဉ်မြွေကြေးမုံသည် အရောင်များ လဲ့ဖြာလာသည်။
   
    ရွှီး...

    ကျယ်လောင်သည့် တွန်သံတစ်သံကြားလိုက်ရပြီး လူငယ်များ တုန်လှုပ်ကြောက်ရွံ့သွားကြကာ မျက်နှာများ ဖြူလျော်သွားကြသည်။

    ဝိညာဉ်မြွေကြေးမုံအတွင်းမှ ပေးသုံးဆယ်ရှည်လျားသည့် မြွေရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

    “ ဟန့်...ဒီခွေးမသား ငါတို့ရဲ့လက်ထဲက မလွတ်နိုင်ဘူး "
    ပေါင်လဲ့ရွှယ်သည် သတ်ဖြတ်ချင်စိတ်များဖြင့် ခက်ထန်စွာ ကြိမ်းဝါးလိုက်သည်။

    အခြားကလန်မှ အကြီးအကဲများသည် ချက်ချင်းပင် ဝိညာဉ်မြွေကြေးမုံကို ကြည့်လိုက်သည်။
    ဝိညာဉ်မြွေကြေးမုံ၏ စွမ်းရည်ကို သူတို့ ကောင်းကောင်းသိကြသည်။ ဝိညာဉ်မြွေကြေးမုံကို အသုံးပြုလိုက်သည်နှင့်  မြွေမျက်လုံးမှ တစ်ဆင့် မိုင်ကိုးရာအတွင်းရှိ သက်ရှိများ အားလုံးကို ရှာဖွေနိုင်ပေသည်။
    ကလန်သုံးခုလုံးသည် သိုင်းဘိုးအေအဆင့် ကျွမ်းကျင်သူ၏ လုယက်ခြင်းကို ခံခဲ့ရသော်လည်း သူတို့သည် ချင်နန်လောက်ကိုတော့ မကြောက်ရွံ့ကြပါ။ သူတို့၏ ရည်ရွယ်ချက်မှာ ချင်နန်ဆီမှ ပိုင်ဆိုင်မှုများအားလုံးကို ပြန်ယူကာ သိုင်းကံကြမ္မာနန်းဆောင်၏ လျှို့ဝှက်ချက်များကို မေးမြန်းရန်ဖြစ်သည်။ ချင်နန်ကို သတ်တော့ မသတ်ရဲပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now