၅၈၆ - ၅၉၀

387 47 0
                                    


အပိုင်း (၅၈၆) ကျုပ်က ချင်နန်ပဲ

ထိုစဉ်အတောအတွင်း ညီလာခံခန်းမထဲတွင်...

ချင်နန်သည် ဆေဘာဓားအားမြှောက်ကာ ဒုတိယမင်းသား၏ ခေါင်းကို ပိုင်းလိုက်သည့်အချိန်၌ လူအုပ်ကြီး စိတ်လွတ်သွားကြသည်။

"သွမ့်ချင်း ရူးသွားပြီ"

"မိုက်ကမ်းတဲ့ကောင်ပဲ...သူက ဒုတိယမင်းသားကို တကယ်သတ်ချင်နေတယ်"

"ဒါက အဆုံးသတ်ပဲ"

အကြီးအကဲဝမ်၏ နှလုံးသား ပြင်းထန်စွာ တုန်လှုပ်သွားသည်။
မလုပ်နဲ့...မလုပ်နဲ့...သွမ့်ချင်း မင်းရဲ့ ဒေါသကို ချုပ်တည်းရမယ်...

ဆန့်ကျင်ဘက်အနေဖြင့် တိဖန်းယွင်၏ အသက်ရှူမှု ပြင်းထန်လာပြီး မျက်နှာပြင်ကို သေချာစူးစိုက်ကြည့်နေသည်။

သူ၏ အစီအစဉ်ပျက်စီးသွားသော်လည်း အကယ်၍ သွမ့်ချင်းသည် ဒုတိယမင်းသားကိုသတ်လိုက်ပါက ရလဒ်မှာ အတူတူပင်ဖြစ်သည်။
သွမ့်ချင်းသည် သေခြင်းတရားမှ လွတ်မြောက်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ထိုအချိန်၌ ကျန်းပိလန်သည် ရုတ်တရက်သွမ့်ချင်းကို တိုက်ခိုက်ပြီးနောက် ဒုတိယမင်းသားကို ခေါင်းဖြတ်ခဲ့သည်။

အဖြစ်အပျက်မှာ အလွန်ကို လျင်မြန်လွန်းလှသည်။ နေရာတိုင်း၌ သွေးများပြန့်ကျဲနေပြီး ဒုတိယမင်းသား၏ ဦးခေါင်းမြေပြင်ပေါ် ကျကာ လိမ့်ထွက်သွားသည်။

"ဒါ..."
လူအုပ်ကြီးတုန်လှုပ်ချောက်ချားသွားကြသည်။

သူက ဘယ်သူလဲ...သူက ဘာလို့ ဒုတိယမင်းသားကို သတ်ပစ်လိုက်တာလဲ...

"ချေးပဲ"
တိဖန်းယွင်၏ မျက်နှာ ရှုံ့မဲ့သွားပြီး ဆဲရေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ဒေါသကြောင့်တုန်ရီနေသည်။

ဤငတုံးမသည် သွမ့်ချင်းကို တားဆီးခဲ့ပြီး သူမကိုယ်တိုင် ဒုတိယမင်းသားကို သတ်ပစ်ခဲ့သည်။
၎င်းသည် သူမျှော်လင့်ထားသည့်ရလဒ်မဟုတ်ပေ။

ညီလာခံခန်းမတစ်ခုလုံး အလွန်တိတ်ဆိတ်နေသည်။

သူတို့ မြင်နေရသည့်မြင်ကွင်းမှာ အလွန်တုန်လှုပ်ဖွယ်ရာပင်ဖြစ်သည်။ တစ်ခဏကြာပြီးနောက် ဝန်ကြီးတစ်ယောက် သတိပြန်ဝင်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now