၃၄၁ - ၃၄၅

526 49 3
                                    


အပိုင်း(၃၄၁)မည်သည့်နေရာအား ဝင်ရမည်ကို ဆုံးဖြတ်ခြင်း

      ထိပ်ပိုင်းခေါင်းဆောင်များနှင့် သံတမန်များ အလွန်အံ့အားသင့်သွားကြသည်။ ချင်နန်သည် ရုတ်တရက် ထိုအလောင်းအစားကိစ္စကို ပြောလာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။ ရလဒ်အနေဖြင့် သူတို့အားလုံး၏ အကြည့်သည် ကျန်းပိလန်ထံသို့ ရောက်ရှိသွားကြ၏။

     မြင့်မြတ်နေရာခေါင်းဆောင်များ အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။ သို့သော်လည်း ထိပ်ပိုင်းခေါင်းဆောင်များ၏ ရှင်းပြချက်ကို ကြားသိပြီးနောက် သူတို့၏ မျက်နှာထက်တွင် အပြုံးများ ဖြစ်ပေါ်လာသည်။
    ဒီလူငယ်လေးသည် အလွန်ကိုလက်စားချေတတ်ပေသည်။

    ကျန်းပိလန်၏ ဆွဲဆောင်မှုရှိသော မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း တောင့်တင်းသွားသည်။
    မြင့်မြတ်နေရာနှစ်ခုမှ အစွမ်းထက်ကျင့်ကြံသူများအားလုံး သူမအားကြည့်နေမည်ကို သူမ အလွယ်တကူပြောနိုင်ပေသည်။ ဂျီးနီးယပ်များမှာလည်း သူမကို ကြည့်နေကြမည်ဖြစ်သည်။
    သူမ၏ မျက်နှာ ပူထူသွားသည်။
    
    ချင်နန်က ဘာကိုဆိုလိုတာလဲ...

    အလောင်းအစားကို သူ အနိုင်ရသွားပြီဆိုတာ ရှင်းနေပြီမဟုတ်ဘူးလား...

     ယခု သူ၏ မေးခွန်းကြောင့် လူအုပ်ကြီး၏ အာရုံမှာသူမထံရောက်လာပြီဖြစ်သည်။

    သူက ငါ့ကို အရှက်ခွဲဖို့ကြိုးစားနေတာလား...

    ကုန်သွယ်ရေးမဟာမိတ်၏ သူတော်စင်မိန်းကလေးအနေဖြင့် ကျန်းပိလန်သည် သာမန်လူများထက်ပို၍ သည်းခံနိုင်စွမ်းရှိပေသည်။ သို့သော်လည်း အလွန်အရှက်ရသော ခံစားချက်ကြောင့်  ဒေါသပေါက်ကွဲလုနီးပါး ဖြစ်သွားသဖြင့် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။

    ငါ သည်းခံရမယ်...

    အနာဂတ်ကျရင် သူ ငါ့ကို အရှက်ခွဲခဲ့တာအတွက် ဆယ်ဆပြန်ပေးဆပ်ရမယ်...

    “ ငါ မင်းကို အရှက်ခွဲတယ်လို့ မင်းထင်နေတယ်မလား "
    သူ၏ မျက်လုံးများသည် ကျန်းပိလန်၏ စိတ်အား ထွင်းဖောက်မြင်နိုင်သကဲ့သို့ ချင်နန် ရုတ်တရက် ပြောလိုက်သည်။
   
    ကျန်းပိလန် အနည်းငယ် အံ့အားသင့်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now