၆၄၁ - ၆၄၅

404 43 0
                                    


အပိုင်း (၆၄၁) မတည်ငြိမ်ခြင်းသမုဒ္ဒရာသိုင်းပညာ၏ စွမ်းအား

   ဝှစ်…

    အဆက်မပြတ် လေခွင်းသံများ ကြားလိုက်ရသည်။
   လွမ်ချန်းကျယ်နှင့် လွမ်ကလန်မှ အကြီးအကဲများ...အစရှိသည်တို့ ဖြစ်သည်။
     ဒိုဂျို၏ ဘေးဘက်တွင် မရေမတွက်နိုင်သော လွမ်ကလန်မှ တပည့်များသည် အသေးစိတ်အချက်အလက်တစ်ခုကိုမှ အလွတ်မခံနိုင်သကဲ့သို့ လုံးဝအာရုံစူးစိုက် ကြည့်ရှုနေကြသည်။
     ထို့ကြောင့် ယှဉ်ပြိုင်ပွဲသည် သေချာပေါက် စိတ်လှုပ်ရှားဖွယ်ရာတိုက်ပွဲတစ်ခုဖြစ်ကြောင်းကို ချင်နန် နားလည်လိုက်သည်။ လွမ်ကလန်မှ တပည့်များသည် ၎င်းကို ကြည့်ကာ လေ့လာသင်ယူနေလိုခြင်းဖြစ်သည်။
   
   “နီလာသွေးသမုဒ္ဒရာဖွင့်လှစ်တဲ့ အချိန် ထပ်ပြီးကျရောက်လာပြန်ပြီ…ငါလွမ်ချန်းကျယ်က မတည်ငြိမ်ခြင်းသမုဒ္ဒရာမြို့ကနေ ကြိုဆိုပါတယ်…အရေးမပါတဲ့ အရာတွေအားလုံးကို ကျော်လိုက်ရအောင်…ငါအခု မတည်ငြိမ်ခြင်းသမုဒ္ဒရာချီကို ထုတ်လွှတ်ဖို့ ရှေးဟောင်းပစ္စည်းတစ်ခုကို အသက်သွင်းလိုက်မယ်…ကျန်တာကတော့ မင်းတို့ အပေါ်မှာပဲ မူတည်တယ်"
   လွမ်ချန်းကျယ် ကြေညာလိုက်သည်။

    ထို့နောက် သူ၏ နောက်ရှိ လေထုထဲတွင် ကြီးမားသော အိုးကြီးတစ်ခု ပေါ်လာသည်။
   အိုး၏ မျက်နှာပြင်သည် အပြာရောင်ဖြစ်ပြီး သမုဒ္ဒရာအနက်ထဲမှ ထွက်ပေါ်လာသကဲ့သို့ ရုန်းကြွနေသော အော်ရာတစ်ခုကို ထုတ်ဖော်နေသည်။ လွမ်ချန်းကျယ်သည် အိုးထဲကို သိုင်းအရှင်အဆင့်အင်အားထည့်သွင်းလိုက်ရာ အေးစက်သော အပြာရောင်အော်ရာထွက်ပေါ်လာသည်။
   အော်ရာထွက်ပေါ်လာသောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခုသည် မငြိမ်မသက်ဖြစ်လာကြောင်းကို ချင်နန် ခံစားလိုက်ရသည်။

  မတည်ငြိမ်ခြင်းသမုဒ္ဒရာသိုင်းပညာပင် ဖြစ်သည်။

   “ဒီတော့ ဒါက မတည်ငြိမ်ခြင်းသမုဒ္ဒရာချီပေါ့"
    ချင်နန်သည် သူ၏ အတွေးများကို တည်ငြိမ်ကာ တစ်ချက်ကြည့်လိုက်သည်။

    ဗွမ်း…

    မတည်ငြိမ်ခြင်းသမုဒ္ဒရာချီထွက်ပေါ်လာသည်နှင့် ၎င်းသည် ကောင်းကင်ပေါ်သို့ လှိုင်းလုံးကြီးများပမာ ထိုးတက်သွားပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းနေသည့် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
   အကြမ်းဖျင်းတစ်ချက်နှင့်အတူ မတည်ငြိမ်ခြင်းသမုဒ္ဒရာချီ အနည်းဆုံးတစ်သောင်းကျော် ရှိနေကြောင်းကို တွေ့လိုက်ရသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now