၂၄၁ - ၂၄၅

521 51 0
                                    


အပိုင်း(၂၄၁)အင်ပါယာမော်တယ်ကျမ်းစာ

     “ အဆင့်တက်တာ ကျရှုံးသွားတာလား "
    ချင်နန် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ပြန်လည်အေးဆေးတည်ငြိမ်သွားသည်။

    သူ၏ အမြင်အရ စိတ်ဝိညာဉ်ဂိုဏ်းချုပ် သိုင်းသခင်တစ်ယောက်ဖြစ်လာလာ၊ မလာလာ ဤကိစ္စသည် သူ့အတွက် အရေးပါသော အရာမဟုတ်ပေ။

    “ ချင်နန်.. "
    ထိုအချိန်၌ ဖြူဖျော့သောမျက်နှာဖြင့်ရှိနေသည့် ရတနာခန်းမခေါင်းဆောင်သည် ကြိုးစားပြုံးလိုက်ပြီး
    “ ခုနက ငါတို့ ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် တောင်းပန်ပါတယ် ချင်နန်... ပထမအကြီးအကဲ မင်းကို ဒုက္ခပေး‌တုန်းက ငါတို့  တစ်ခါကူညီပေးထားတာတာကို မင်းမှတ်မိမယ်လို့ မျှော်လင့်ပါတယ်... "

     သိုင်းကျမ်းစာကြည့်တိုက်ခေါင်းဆောင်နှင့် ကျော်ကြားခြင်းခန်းမခေါင်းဆောင်တို့သည်လည်း ထောက်ခံစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

    စည်းကမ်းဥပဒေခန်းမခေါင်းဆောင်၏ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသည်။ သူ၏ စိတ်ထဲမှ သတ်ဖြတ်ချင်စိတ်များ ပျောက်ကွယ်နေပြီ ဖြစ်သည်။ ယခု စိတ်ဝိညာဉ်ဂိုဏ်းချုပ် အဆင့်တက်ခြင်း ကျရှုံးသွားပြီဖြစ်သည်။
    သူ မည်ကဲ့သို့ လက်စားချေရပါမည်နည်း...

    ချင်နန် ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်။
    ကမ္ဘာကြီးသည် ရယ်စရာကောင်းလှသည်။ အစက ရတနာခန်းမခေါင်းဆောင်နှင့် အခြားသူများသည် စည်းကမ်းဥပဒေခန်းမခေါင်းဆောင်ကဲ့သို့ သူ့ကို သတ်ချင်နေကြသည်။ မင်းသမီးမြောင်မြောင်နှင့် လောင်ဂူးသိုင်းဘိုးအေသားရဲ ရောက်ရှိလာသည့်တိုင် သူတို့သည် လက်မလျော့ခဲ့ကြပါ။ သို့သော် အခြေအနေများပြောင်းလဲသွားပြီးနောက် သူတို့သည် ဖြစ်ပျက်ခဲ့သော ကိစ္စများအား လျော်ပစ်ရန် သူ့ကို တောင်းပန်နေကြသည်။

    ချင်နန်စကားပြန်ပြောရန်ပြင်လိုက်စဉ်မှာပင် ခရမ်းရောင်အစွယ်နီနဂါးတံဆိပ်မှာ တုန်ခါလာပြီး လူအိုကြီးရှန်၏ စကားသံထွက်ပေါ်လာသည်။
    “ ချင်နန် ငါ့ကိုဆီ အခုလာခဲ့လိုက် "
  
    “ ဟမ် "
    ချင်နန်၏ မျက်လုံးအရောင်လက်သွားပြီးနောက် လောင်ဂူးသိုင်းဘိုးအေသားရဲနှင့် မင်းသမီးမြောင်မြောင်ကို လှည့်ကြည့်၍ ပြောလိုက်သည်။
    “ မင်းတို့နှစ်ယောက် ဒီကိစ္စကို ကိုင်တွယ်လိုက်တော့ "
   
    ထိုနောက်သူသည် ဂွန်ယောင်နှင့် အခြားသူများကို နှုတ်ဆက်ကာ  သေခြင်းရှင်ခြင်းခန်းမခေါင်းဆောင်ကို အရိုအသေပေးလိုက်ပြီးနောက် တဟုန်ထိုး ပြေးထွက်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now