၆၂၆ - ၆၃၀

421 47 0
                                    


အပိုင်း (၆၂၆) အလွန်ထူးခြားသော နည်းလမ်းများ

"ကောင်းတယ်"
စင့်မာခေါင် ပျော်ရွှင်သွားသည်။ ချင်နန်၏ အကူအညီနှင့်ဆိုပါက သူ၏ အစီအစဉ်အောင်မြင်လိမ့်မည်ဖြစ်သည်။

"ဟေး...ချင်နန်...ဟာသ မလုပ်နဲ့ဟ...ဒါက..."
လောင်ဂူး အလွန်အံ့အားသင့်နေသည်။

ဒီနှစ်ကောင်က ဘယ်လိုလုပ်ရူးသွားကြတာလဲ...

"လောင်ဂူး...အဲဒီမှာ ရှားပါးရတနာတွေ ရှိတယ်...မင်းမလိုက်ချင်တာ သေချာလား"
စင့်မာခေါင် သူ့ကို ကြည့်လိုက်သည်။

လောင်ဂူးမှင်တက်သွားသည်။ သူသည် သူ၏ မျက်လုံးထဲတွင် ရတနာပုံများဖြင့် ပြည့်နှက်နေသော ကြီးမားသော နန်းတော်ကြီးတစ်ခုကို မြင်ယောင်လာသည်။

ထို့နောက် သူသွားရည်များ ကျလာခဲ့သည်။

အကယ်၍ ဤအစီအစဉ်အောင်မြင်ပါက သူတို့ ချမ်းသာလိမ့်မည်ဖြစ်သည်။

"ချေးပဲ...ငါ့ညီအစ်ကိုတွေက ငါ့ကို အကူအညီတောင်းနေမှတော့ ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး...ငါက ဘယ်လိုလုပ် မလိုက်ဘူးလို့ပြောနိုင်တော့မှာလဲ"
လောင်ဂူးသည် ဆုံးဖြတ်ချက်ချလိုက်ပြီး ဖြောင့်မတ်သည့် ပုံစံဖြင့် ပြောလိုက်သည်။

"ဒါတွေ ဝတ်လိုက်"
စင့်မာခေါင်သည် သူ့ကို စိတ်လေသည့်ပုံစံဖြင့် မျက်လုံးပင့်ကာ ကြည့်လိုက်ပြီး တောက်ပသောဝတ်ရုံများနှင့် သံမဏိချပ်ဝတ်ဆယ်ခုကျော်ကို ပေးလိုက်သည်။

လောင်ဂူး ကြောင်တောင်‌တောင်ဖြစ်သွားသည်။
သူတို့က တကယ်ဒီလောက်အကာအကွယ်ချပ်ဝတ်တွေ အများကြီးလိုလို့လား...

"အစီအစဉ်က ဘာလဲ"
ချင်နန် မေးလိုက်၏။

စင့်မာခေါင်သည် မဆင်မခြင်လုပ်တတ်သည့် လူတစ်ယောက်မဟုတ်ပေ။ သူအလွန် ယုံကြည်ချက်ရှိမှသာ လှုပ်ရှားတတ်ပေသည်။

"ငါကုန်သွယ်ရေးမဟာမိတ်အဖွဲ့မှာ လအနည်းငယ်နေခဲ့တာကြောင့် ပထဝီဝင်မြေအနေအထားနဲ့ လိုအပ်တဲ့ အချက်အလက်တွေအားလုံးကို ငါစုဆောင်းထားတယ်"
စင့်မာခေါင် ပြုံးလိုက်သည်။
"ကုန်သွယ်ရေးမဟာမိတ်ရဲ့ အကာအကွယ်အစောင့်အကြပ်တွေက အရမ်းတင်းကြပ်တယ်...ပတ်ဝန်းကျင်က ကောင်းကင်မျက်လုံးရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေပြီး ကျွမ်းကျင်သူတွေ၊ ထောင်ချောက်တွေနဲ့ ဝင်္ကပါတွေလည်း ရှိတယ်...တခြားအရာတွေကို ငါကိုင်တွယ်နိုင်တယ်...ဒါပေမဲ့ ထောင်ချောက်တွေနဲ့ ဝင်္ကပါတွေကို ဖယ်ရှားဖို့ မင်းအကူအညီလိုတယ်..."
၎င်းသည် စင့်မာခေါင် ချင်နန်၏ အကူအညီကို လိုအပ်ရသည့် အကြောင်းအရင်းဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now