၄၇၁ - ၄၇၅

405 47 0
                                    


အပိုင်း (၄၇၁) ‘ဒီ'အဆင့်ခြောက်သိုင်းဝိညာဉ်

     ချင်နန်သည် ခေါင်းမော့လိုက်ရာ အလွန်တရာနီးမြန်းသော ကောင်းကင်၊ အဆက်မပြတ်စီးဆင်းနေသော ရေများနှင့် မရေမတွက်နိုင်သော သေလွန်ဝိညာဉ်များကို တွေ့လိုက်ရသည်။
     တစ်နည်းဆိုရပါက သူသည် မန်ပိုမြစ်၏ အောက်၌ ရှိနေသည်။

     “မန်ပိုမြစ်ရဲ့ စိတ်ဝိညာဉ်"
      ချင်နန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူ၏ လေသံထဲတွင် မယုံကြည်နိုင်သည့် အရိပ်အငွေ့များ ပါဝင်နေသည်။

      “အမှန်ပဲ...သွေးသင်္ချိုင်းဂူမှာကော အပလောကတံတားမှာကော မန်ပိုမြစ်မှာကော သူတို့ရဲ့ ကိုယ်ပိုင်စိတ်ဝိညာဉ်တွေ ရှိတယ်"
      မုန်ကျောက်နွီ၏ လေသံသည် သာယာခြင်းမရှိသော်လည်း သူ၏ နှလုံးသားထဲ၌ လေပြေလေညှင်းများ တိုက်ခတ်သွားသလို ခံစားလိုက်ရသည်။
     “ငါတို့က သေမင်းကျွန်နဲ့ မတူဘူး...သေမင်းဧကရာဇ်က သူ မသေခင်မှာ သေမင်းကျွန်ကို ရွေးချယ်သွားခဲ့တယ်...ငါတို့ကိုကျတော့ ဒီအရာတွေက(မန်ပိုမြစ်တို့၊ သွေးသင်္ချိုင်းဂူတို့ကို ပြောတာပါ)အသီးသီး ရွေးချယ်ခဲ့ရတာပဲ....တစ်နည်းဆိုရရင် ငါက သေမင်းကျွန်ကို ငါရဲ့ လက်နဲ့ ကိုယ်တိုင်သတ်လို့မရဘူး"

     ထိုစကားများကြားပြီးနောက် ချင်နန် ချက်ချင်းနားလည်သွားသည်။

      သေမင်းကျွန် စည်းမျဉ်းများကို အဆက်မပြတ် ချိုးဖောက်ရဲသည်မှာ အံ့အားသင့်စရာမဟုတ်တော့ပေ။ အကြောင်းမှာ သေမင်းပင်လယ်ထဲတွင် သူ့အား မည်သူမျှ အပြစ်ပေးနိုင်စွမ်းမရှိသောကြောင့်ဖြစ်သည်။

      “စီနီယာ...ကျွန်တော်တို့ သွားရအောင်"
      ချင်နန်သည် လေးနက်တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။
     “အရာအားလုံး မပြီးဆုံးခင်မှာ ကျွန်တော် သေမင်းစင်မြင့်ပေါ်ကို သွားရလိမ့်မယ်"

      “မင်းက ရှောင်ကျူံးဟွှမ်ကို အနိုင်ယူနိုင်လို့လား"
      မုန်ကျောက်နွီသည် သံသယအရိပ်အမြွက်တချို့ဖြင့် စောင်းငဲ့ကာ ကြည့်လိုက်သည်။

      ချင်နန်၏ စကားများအရ ရှောင်ကျုံးဟွှမ်သည် ‘ဒီ'အဆင့်တစ်သိုင်းဝိညာဉ်ပိုင်ဆိုင်ထားသည့်အပြင် သေမင်းကျွန်၏ အကူအညီကြောင့် သူ၏ သိုင်းပညာပါရမီမှာ လုံးဝကြောက်စရာကောင်းနေမည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now