၅၄၆ - ၅၅၀

427 44 2
                                    


အပိုင်း (၅၄၆) အတိတ်ကအဖြစ်အပျက်များ

     “ရွှေကောင်းကင်ကျားဖြူပညာ"
     မျက်တောင်တစ်ခတ်အတွင်းမှာပင် ယင်ချန်းသည် ချက်ချင်းတုံ့ပြန်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
      သူ၏ လက်များကို အလင်းများ လွှမ်းခြုံသွားပြီး ချပ်ဝတ်များအဖြစ် ‌ပြောင်းလဲသွားကာ ခွက်ကိုဖမ်းယူလိုက်သည်။
      သို့သော်ငြားလည်း သူ၏ ခန္ဓာကိုယ်သည် နောက်သို့ တစ်ဆယ်လှမ်းခန့်ဆုတ်လိုက်ရပြီး သူ၏ လက်များထုံနေသည်။

    စားပွဲ၏ အခြားတစ်ဖက်တွင် ရှိသော တတိယမင်းသား၏ မျက်လုံးများ အရောင်လက်သွားသည်။ ဤသွမ့်ချင်းသည် အမှန်တကယ်ကို ထူးချွန်ပေသည်။ သူသည် ထိုသူ၏ ဆက်ခံသူဖြစ်လာခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

     “သူရဲကောင်းတွေ စားပွဲဝိုင်းမှာ စုရုံးတဲ့အခါကျရင် သုံးခွက်သောက်ရတယ်တဲ့....ညီအစ်ကိုယင်က ကျားဖြူတပ်စုရဲ့ ဂျီးနီးယပ်တစ်ယောက်ဆိုတော့ သူရဲကောင်းလို့ခေါ်ဖို့ထိုက်တန်တယ်...ဒီမှာ မင်းအတွက် နောက်တစ်ခွက်"
    ယင်ချန်း မတုံ့ပြန်နိုင်သေးခင်မှာပင် ချင်နန်သည် နောက်ထပ်ခွက်တစ်ခွက်အား ဆုပ်ကိုင်ကာ ပစ်လွှတ်လိုက်သည်။ ယင်ချန်းသည် သူ့အား စိန်ခေါ်ရန် ကြိုးပမ်းနေသောကြောင့် သူသည် သင်ခန်းစာပေးရမည်ဖြစ်သည်။

     ဘန်း...

     ခွက်သည် ပျံသန်းလာပြီး ပေါက်ကွဲမှုတစ်ခုကို ကြားလိုက်ရသည်။ ပါဝင်သောစွမ်းအားသည် ပထမခွက်ထက်ကြောက်ဖို့ကောင်းသည်။

     “သွမ့်ချင်း...မင်း..."
   ယင်ချန်း၏ မျက်နှာအမူအရာ အကြီးအကျယ်ပြောင်းလဲသွားသည်။
    သူရဲကောင်းတွေ စားပွဲမှာ စုရုံးတဲ့အခါကျရင် သုံးခွက်သောက်ရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ...
     ဤသွမ့်ချင်းသည် သူ့အား ပြဿနာရှာရန် ကြိုးပမ်းနေခြင်းသာဖြစ်သည်။

     “သိုင်းဝိညာဉ်"
   ယင်ချန်း၏ နှလုံးသားထဲတွင် ဒေါသများနှင့် ပြည့်နှက်နေသော်လည်း သူသည် သတိလက်လွတ်ဖြစ်သွားခြင်းမရှိပေ။ သူ၏ နောက်မှ ရွှေရောင် ရောင်ခြည်တန်းငါးခုနှင့်အတူ ကျောက်တုံးလူသားကြီးတစ်ကောင် ထွက်ပါ်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now