၇၇၆ - ၇၈၀

445 43 0
                                    


အပိုင်း (၇၇၆) သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိခြင်း…စစ်နတ်ဘုရား၏ ပုံစံခုနှစ်မျိုး

     ကောင်းကင်တစ်ခုလုံး လျင်မြန်စွာ နက်မှောင်လာသည်။
    ရေများပါဝင်သည့် ကြီးမားသော လေဆင်နှာမောင်းတစ်ခုသည် မိုးကြိုးများ ထစ်ချုန်းလက်နေကာ  ချင်နန်ဆီသို့ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ချဉ်းကပ်လာသည်။ လေဆင်နှာမောင်း၏ အနီးရှိ ရေထဲမှသားရဲများ ချက်ချင်းသေဆုံးသွားသည်။
     ဆယ်လီကျော်ဝေးသည့်တိုင် ချင်နန်သည် ၎င်းထံမှ ဖိအားကြီးတစ်ခုကို ခံစားနိုင်ပေသည်။

     “ကောင်းကင်နဲ့ ကမ္ဘာမြေကြီး၏ အတိဒုက္ခ…ခင်ဗျား ဘာကိုစောင့်နေတာလဲ…"
      ချင်နန်သည် သူ၏ ပါးစပ်ကို ဟလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သိုင်းအရှင်အဆင့်အင်အားများနှင့် စစ်နတ်ဘုရားအင်အားကို ထုတ်ဖော်လိုက်ကာ စွမ်းအင်လုံးတစ်လုံးအဖြစ် ပေါင်းစည်းလိုက်သည်။
     စွမ်းအင်လုံးဖြစ်ပေါ်လာသည်နှင့် ချက်ချင်းပင် ကြီးမားသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။

   ဝီ…ဝီ…ဝီ…

    လွှမ်းမိုးနိုင်စွမ်းကြီးမားသည့် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မရေမတွက်နိုင်သည့် မုန်တိုင်းတိမ်တိုက်များ ဖြစ်ပေါ်လာသည်။ သို့သော်လည်း ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။

    မုန်တိုင်းတိမ်တိုက်များသည် ရုတ်တရက် အလင်းစက်များအဖြစ် ပေါက်ကွဲသွားသည်။
    လေထဲ၌ လွင့်မျောနေသော အလင်းစက်များသည် တစ်လီဝန်းကျင်ကို ဖုံးလွှမ်းထားသည်။ ထိုတစ်လီအတွင်းတွင် လျှပ်စီးမိုးကြိုးများ၊ ရေခဲများ၊ လေပြင်းများနှင့် မီးများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာအော်ရာများ ထုတ်ဖော်လိုက်ကြသည်။
    လက်ရှိ၌ ချင်နန်၏ အတိဒုက္ခသည် ဤကဲ့သို့ ထူးဆန်းသော ဖြစ်ရပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
    အကြောင်းမှာ ၎င်းသည် အတိဒုက္ခတစ်ခုသာ မဟုတ်ဘဲ သိုင်းသူတော်စင်အဆင့် အတိဒုက္ခဖြစ်သောကြောင့်ဖြစ်သည်။
      အတိဒုက္ခ၏ စွမ်းအား မထွက်ပေါ်လာသေးခင်မှာပင် အကန့်အသတ်မဲ့ မုန်တိုင်းရောက်ရှိလာပြီး အတိဒုက္ခနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now