၇၁ မှ ၇၅

600 54 0
                                    


အပိုင်း(၇၁) ခရမ်းရောင်သမုဒ္ဒရာ လပြည့်ကျောက်တုံး

     ချင်နန် အသက်၀၀ရှုလိုက်ပြီး စိတ်တည်ငြိမ်အောင်ထိန်းချုပ်လိုက်ကာ အရိုအသေပေးလိုက်သည်။

     “ ဆရာကြီး.....ဆရာကြီးကို လူအိုကြီးရှန်ရဲ့ အကိုကြီးမှန်းမသိလို့ ရိုင်းရိုင်းပြပြ ဆက်ဆံမိသွားတာပါ၊ ကျွန်တော့်ကို ဗွေမယူဖို့တောင်းပန်ပါတယ် "
    
     ချင်နန် လူအိုကြီးရှန်းကို လေးစားပေသည်။

     အကြောင်းမှာ သူ သမုဒ္ဒရာလခြမ်းကျောက်တုံးကို အပိုင်းပိုင်းခွဲပစ်စဉ်အခါက လူအိုကြီးရှန်သည် သူ့ထံမှ အလျော်တောင်းရမည့်အစား အလွန်အဖိုးတန်သည် ခရမ်းရောင်နဂါးတံဆိပ်ကိုပင် ကြင်နာစွာပေးအပ်ခဲ့သည်။
    
     လျှို့ဝှက်ဆန်းကြယ်သောအဘိုးအို၏ မျက်နှာပေါ်တွင်မည်သည့်အရိပ်ယောင်မှ ထွက်ပေါ်မလာဘဲ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အဘိုးအို လက်ဝှေ့ယမ်းလိုက်သည့်အချိန်တွင် စာအုပ်နှစ်အုပ် ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် အဘိုးအိုသည် တည်ငြိမ်သောအသံဖြင့်

     “ မင်းတို့နှစ်ယောက် ဒီမှာစောင့်နေလိုက်.....မင်းတို့ ဒီစာအုပ်နှစ်အုပ်ကို လေ့လာနိုင်တယ် "
    
     ထိုစကားများပြောပြီးသည်နှင့် လျှို့ဝှက်ဆန်းကြယ်သောအဘိုးအိုသည် ချင်နန်ကိုကြည့်ကာ
     “ ငါနဲ့ လိုက်ခဲ့ချေ "

     ချင်နန်မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်ပြီး ရှောင်လန်နှင့် ချူးယွင်ကို တစ်ချက်ကြည့်ကာ အဘိုးအိုနောက် လိုက်သွားသည်။
     ‌ချူးယွင်နှင့် ရှောင်လန်တို့သည် ပျောက်ကွယ်သွားသော ပုံရိပ်နှစ်ခုကိုကြည့်ရင်း ပဟေဠိများစွာ ဖြစ်ပေါ်နေကြသည်။
     အဖြစ်အပျက်များကို နားမလည်နိုင်သောကြောင့် သူတို့ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေကြသည်။

     ဒီလျှို့ဝှက်ဆန်းကြယ်တဲ့အဘိုးအိုက ဘယ်သူလဲ
     လူအိုကြီးရှန်ကကော ဘယ်သူလဲ
     ချင်နန်နဲ့ကော ဘယ်လိုပတ်သက်တာလဲ

     ထိုအချိန်တွင် သူတို့၏အကြည့်များသည် အလိုအလျောက် မြေပြင်ပေါ်မှ စာအုပ်များဆီသို့ ရောက်ရှိသွားသည်။
     ချူးယွင်နှင့်ရှောင်လန်တို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်သည့် အရိပ်ယောင်များ ထွက်ပေါ်လာသည်။
     ရှောင်လန်သည် စိတ်လှုပ်ရှားကာ တအံတဩဖြစ်နေသည့်အသံဖြင့်
     “ ဒါက သိုင်းဧကရာဇ်တွေရဲ့ ကျင့်ကြံခြင်းအတွေ့အကြုံစာအုပ်တွေလား၊ နှစ်အုပ်တောင်လား "

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now