၅၀၁ - ၅၀၅

401 43 0
                                    


အပိုင်း (၅၀၁) လက်နက်ဝိညာဉ်၏‌ အော်သံ

     ရွှေရောင်ရောင်ခြည်တန်းခြောက်ခု ထွက်ပေါ်လာပြီး နေရာတစ်ခွင် လင်းရှင်းနေသည်။ နတ်ဘုရားသိုင်းဝိညာဉ်သည် မြပြာသလင်းကျောက်ပေါ်သို့ ဧရာမတောင်ကြီးတစ်လုံး ဆင်းသက်လာသည့်ပမာ အကန့်အသတ်မဲ့ဖိနှိပ်မှုကို ထုတ်ဖော်၍ ခန့်ထည်စွာ ရပ်နေသည်။

     “ဒါက..."
     ကျိထျန်ရှောင်၊ ဖန်ယု၊ ဖန်ရှင်းလုနှင့် အခြားဂျီးနီးယပ်ခြောက်ယောက် မိန်းမောသွားကြသည်။

      ရွှေရောင် ရောင်ခြည်တန်းခြောက်ခု...

     ‘ဒီ'အဆင့်ခြောက်သိုင်းဝိညာဉ်လား..

     မင်းငါတို့ကို နောက်နေတာလား...

    ၎င်းသည် ‘ဒီ'အဆင့်ခြောက်သိုင်းဝိညာဉ်ဖြစ်သည်။ သူသည် အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးတွင်ပင် ထိပ်တန်းဂျီးနီးယပ်ဟု မှတ်ယူနိုင်ပေသည်။

     အောက်ပိုင်းခရိုင်က ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ဒီလိုကြောက်မက်ဖွယ်ရာသိုင်းဝိညာဉ်ကို ပိုင်ဆိုင်ရတာလဲ...

      “သိုင်းဝိညာဉ်ရဲ့ ဖိနှိပ်မှု"
     ချင်နန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နတ်ဘုရားသိုင်းဝိညာဉ် ‘ဒီ'အဆင့်ငါးသို့ တက်သွားသည့်နောက်တွင် တူညီသော အဆင့်တွင်ရှိသော သို့မဟုတ် အဆင့်နိမ့်သော သိုင်းဝိညာဉ်များ၏ စွမ်းရည်များ ဆုံးရှုံးသွားအောင် လုပ်နိုင်သည့် စွမ်းရည်သစ်တစ်ခု ရလာခဲ့သည်။
      ကျိထျန်ရှောင်နှင့် ဖန်ယုတို့သည် ‘ဒီ'အဆင့်သုံးသိုင်းဝိညာဉ်များကိုသာ ပိုင်ဆိုင်သောကြောင့် သူတို့၏ သိုင်းဝိညာဉ်များကို ဖိနှိပ်ရန်မှာ အတော်လေးလွယ်ကူပေသည်။

     “အား"
     “အား"
     ထိုအချိန်၌ နာကျင်စွာ အော်လိုက်သော အော်သံနှစ်သံကို ကြားလိုက်ရသည်။

    ကျိထျန်ရှောင်နှင့် ဖန်ယုတို့၏ သိုင်းဝိညာဉ်များသည် တုန်ရီစွာဖြင့် မြပြာသလင်းကျောက်ပေါ် ဝပ်သွားကြသည်။ သူတို့ ထုတ်ဖော်နေသည့် ရွှေရောင်ရောင်ခြည်တန်းများမှာလည်း ပျောက်ကွယ်လုနီးပါးအထိ မှိန်ဖျော့သွားကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now