၆၆ မှ ၇၀

571 59 0
                                    


အပိုင်း(၆၆) အမှောင်မိုးကြိုးနတ်ဆိုးသိုင်းဝိညာဉ်

     ထိုနေရာတွင် ချင်နန်အား စူးစူးစိုက်စိုက်ကြည့်နေသည့် တပည်သစ်များ၏ အကြည့်များတွင် အထင်မြင်သေးသည့် အကြည့်များပျောက်ကွယ်သွားပြီး လေးစားရိုသေမှုများပေါ်ထွက်လာကြသည်။
     ချင်နန်သည် ဆေဘာနှင့်တစ်‌သားတည်း ပြီးပြည့်စုံသောအဆင့်ကို ကျွမ်းကျင်ပြီးဖြစ်၍ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှစ်ရှိသူကိုပင် တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ပေသည်။
    ကျော်ကြားသည့် အမှောင်ဒေါသကလေးပင်  ချင်နန်နှင့် ရင်ဆိုင်ကြရာ နောက်ဆုံး၌ ထွက်ပြေးသွားခဲ့ရသည်။

     ထိုအဖြစ်အပျက်ကို မြင်တွေ့ပြီးနောက်တွင်  ချူးယွင်၏မျက်နှာ အရောင်လက်သွားသည်။

    ယခင်က ချင်နန်ကို စိတ်ပျက်မိခဲ့ပြီး အမှောင်ဒေါသကလေးနှင့် တိုက်ခိုက်ရာတွင် သင်ခန်စာပေးမည်ဟု စီစဉ်ထားခဲ့သည်။

      ဒီ့အပြင် ချင်နန်သည် မည်သူတစ်ဦးတစ်ယောက်ကမျှမမျှော်လင့်သည်များကို ပြုလုပ်ပြခဲ့သည်။

    လွတ်ဖို့ကြိုးစာနေတာလား ... ဒီအချိန်မှာတော့ မရဘူး..."
      ချင်နန်သည် မဲ့ပြုံးပြုံးလိုက်ပြီး မျက်လုံးအရောင်တောက်ပစွာဖြင့် သူ၏ ခွန်အားများကို စုစည်းကာ တောအုပ်အတွင်းသို့ ခုန်ဝင်၍ လိုက်သွားသည်။ ထိုသို့ ထွက်ခွာသွားပြီး ချင်နန်က
    “ငါ့နောက်ကိုမလိုက်ခဲ့နဲ့ ငါ့နောက်ကို လိုက်တဲ့သူ ငါ့ရန်သူပဲ"

    ထိုသို့ပြောပြီးနောက် ချင်နန်သည် နတ်အရိပ်ခြေရှစ်လှမ်းသိုင်းကို အသုံးပြု၍ သူ၏ အလျှင်ကိုမြှင့်တင်လိုက်ပြီး အပြေးအလွှားလိုက်သွားသည်။

     တပည့်သစ်များအားလုံး လုံးဝပင် ထိတ်လန့်အံ့ဩသွားကြပြန်သည်။
     ချင်နန်သည် ထွက်ပြေးသွားသည့် အမှောင်ဒေါသကလေးနောက်သို့ လိုက်လိမ့်မည်ဟု  သူတို့မထင်မိခဲ့ပေ။

     ချင်နန်က အမှောင်‌ဒေါသကလေးကို တကယ်ပဲ သတ်ဖို့ စီစဉ်ထားတာလား......

     တပည့်သစ်များထဲတွင် ငတုံးငအ တစ်ယောက်မျှမပါပေ၊ အမှောင်‌ဒေါသကလေးနှင့် ချင်နန်တို့ တိုက်ခိုက်ကြရာတွင် ချူးယွင်နှင့် ရှောင်လန်တို့ တိုက်ပွဲအတွင်း ပါဝင်လာပါက အမှောင်ဒေါသကလေး အသက်အန္တရာယ် ရှိနိုင်သောကြောင့်သာ နောက်ဆုတ်သွားခဲ့ခြင်းဖြစ်ကြောင်းကို သူတို့အားလုံးက နားလည်သဘောပေါက်ကြသည်။ အကယ်၍ ချင်နန်သည် ဆေဘာနှင့်တစ်သားတည်း ပြီးပြည့်စုံသောအဆင့်ကို ကျွမ်းကျင်သူဖြစ်သော်လည်း တစ်ယောက်တည်း သွားသည့်အခါတွင် အမှောင်ဒေါသကလေး၏ ဒေါသကို အလွယ်တကူ ရင်ဆိုင်၍ ရနိုင်မည် မဟုတ်ပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now