၆၁၆ - ၆၂၀

449 45 2
                                    


အပိုင်း (၆၁၆) လူငယ်ဘဝမှာ လူတိုင်းအမှားလုပ်မိကြတယ်
    
    ချင်နန်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

    ကုန်သွယ်ရေးမဟာမိတ် ကျားဖြူကို ကူညီခြင်းမှာ သူ့ထံမှ မြေပုံကို လိုချင်၍ဖြစ်ကြောင်း ထင်ရှား‌ပေသည်။

    သွေးတောင်ပံဗာမီလီယံငှက်နှင့် နိုင်ငံကာကွယ်သူလိပ်နက်တို့ ပြန်လည်ရှင်သန်လာသည်ကို သိရှိပြီးနောက် တိုက်ပွဲ၏ ရလဒ်မှာ ထွက်ပေါ်နေပြီဖြစ်သည်။ သူတို့သည် အနိုင်ရရန် မျှော်လင့်ချက်မရှိတော့ပေ။ ထို့ကြောင့် ဆုတ်ခွာခဲ့ကြသည်။
 
     မင်းတို့နိုင်ငံရဲ့ ကိစ္စတွေမှာ တစ်ခါမှ ဝင်မပါဖူးဘူး...
   
     လုံးဝကို ဟာသပင်…

     ကုန်သွယ်ရေးမဟာမိတ်သည် အမြဲတမ်းအရှက်မဲ့ကာ ဖြောင့်မတ်ခြင်းမရှိပေ။

     ကုန်သွယ်ရေးမဟာမိတ်တိုက်ပွဲမှ ဆုတ်ခွာသွားသည်နှင့် ကျားဖြူတပ်စုသည် အလွန်ပြင်းထန်သောဖိအားများ ခံစားလာရကာ တပ်စုနှစ်ခုမှ ကျွမ်းကျင်သူများကြောင့် သတ်ခံရလုနီးပါးဖြစ်နေသည်။

    “ကျားဖြူတပ်စုက လူတွေ…နားထောင်ကြ…မင်းတို့ အခုလက်နက်ချမယ်ဆို ငါမင်းတို့ကို အပြစ်လည်း မပေးသလို အပြစ်လည်းမတင်ဘူး...ငါ ဘုရင်တစ်ပါးအနေနဲ့ ကောင်းကင်ကိုတိုင်တည်ပြီး ကျိန်ဆိုတယ်"
     ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၏ ခန္ဓာကိုယ်မှ အလွန်တောက်ပသော ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ခန့်ညားသော အသံဖြင့် ပြောလိုက်သည်။

      ကျားဖြူတပ်စုမှ ကျွမ်းကျင်သူများ၏ မျက်နှာပေါ်မှ ကြောက်ရွံ့သည့် အရိပ်အယောင်များနှင့် တွေဝေသည့် အရိပ်အယောင်များ ထွက်ပေါ်လာကြသည်။

   လက်ရှိအခြေအနေအရ သူတို့သည် အဆုံး၌ သေချာပေါက် ရှုံးနိမ့်မည်ဖြစ်သည်။ ထို့ပြင် ဘုရင်မင်းမြတ်သည်လည်း သူတို့ကို အပြစ်မပေးဟု ကတိပေးနေသည်။
  
    “ကျုပ်လက်နက်ချတယ်"

    “ကျုပ်လည်း လက်နက်ချတယ်"

   “ကျုပ်လည်း နောက်ထပ်မတိုက်ခိုက်ချင်တော့ဘူး"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now