အခန်း(၆၇)

967 189 0
                                    

<ထွက်ပြေးကြပြီ>

လက်ရှိအခြေအနေအရ ဝမ်ရွှမ်သည် ကျန်းရီနှင့် တံခွန်တိမ်တိုက်ဂိုဏ်းအကြား မည်သူ မှန်ပြီး မ
ည်သူက မုသားဆိုနေကြောင်းကို မခွဲခြားတတ်ချေ။

ဝမ်ရွှမ်သာလျှင် သူရွေးချယ်ခဲ့သော ဆုံးဖြတ်ချ
က်ဟာ အင်မတန် နာကျင်ရသော်လည်း တုံ့ဆိုင်းခြင်းမပြုဘဲ ရွေးချယ်ခဲ့သည်။

ကျန်းရီသည် ဝမ်ရွှမ့်လက်မှ နွေးထွေးမှုကို ခံစားမိသည်။ဖော်ပြ၍ မရနိုင်သော စိတ်ခံစားချက်၊ကြည်နူးဖွယ်ကောင်းသော အံ့သြခြင်းနှင့် ကျေး
ဇူးတင်ခြင်း တစ်မျိုးက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့သည်။

တစ်ချိန်တည်းတွင်၊ဝမ်ရွှမ့်ကြောင့် အဝေးသို့ လွင့်စင်သွားသော ကျန်းရှောင်ချင်းသည် ကြောက်လန့်မှုဖြင့် တစ်ကိုယ်လုံး တောင့်တင်းလျက် ပြန်ထရန်ပင် မေ့လျော့သွားခဲ့သည်။လော့ချင်းချွမ်သည် ထိုမြင်ကွင်းကို မြင်သည်နှင့် ရူးသွားသည့်နှယ် သူတို့နှစ်ဦးကို ဒေါသတကြီး တိုက်ခိုက်လာခဲ့သည်။

သို့သော်လည်း လော့ချင်းချွမ်သည် ယခင်အချိန်များကတည်းက ဝမ်ရွှမ့် ပြိုင်ဘက် မဟုတ်ခဲ့သည့်အပြင် ကျန်းရှောင်ချင်းနှင့် ပူးပေါင်းနေစဥ်ကလည်း ကျန်းရီကိုတောင် အနိုင် မတိုက်နိုင်ခဲ့ချေ။ယခုအချိန်တွင် ဝမ်ရွှမ်နှင့် ကျန်းရီတို့ လက်တွဲလိုက်ပြီဖြစ်ရာ သူ့အနေနှင့် အဘယ်မှာ ယှဥ်နိုင်ပါအံ့။သိပ်မကြာမီတွင် လော့ချင်းချွမ်လည်း ကန်ထုတ်ခံလိုက်ရလေသည်။

လော့ချင်းချွမ်ကို ကန်ထုတ်ပြီးသည်နှင့် အရှေ့မှ ထွက်ပြေးရမည့် လမ်းလည်း ချက်ချင်း ပွင့်လာခဲ့သည်။သူတို့ကို တားဆီးမည့် အနှောင့်အယှက်များလည်း မရှိတော့ချေ။တောအုပ်အတွင်းမှ လျှ
ပ်စီးနှုန်းကဲ့သို့ လျှင်မြန်စွာ ပျံသန်းလာပြီး ခဏအကြာတွင် တံခွန်တိမ်တိုက်ဂိုဏ်း၏ ထွက်ပေါ
က်သို့ ရောက်လာခဲ့သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ဘေးဘက်မှ အမှီလိုက်လာပြီး သူတို့နှစ်ဦးကို တားဆီးရန် ကြိုး
ပမ်းလာသည်။ထိုလူသည် ဤနေရာတွင် ချီတုံချ
တုံဖြင့် ကျန်ရစ်ခဲ့သော ရှီပုဟွေ့ဖြစ်နေ၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now