အခန်း (၆၉)

1K 179 4
                                    

                    <ဝမ်အစ်ကိုကြီး>

"ကျွန်တော်နဲ့ အတွေးတူနေပုံပဲ။ကျွန်တော်လည်း အဲ့ဒီနေရာကို...."

"ဘယ်နေရာလဲ?"

ကျန်းရီက စိတ်ရှုပ်ထွေးစွာ ဝင်မေးလာသည်။

"မင်း တကယ် မသိတော့ဘူးလား?"

ချီကျိပိုင်က ပြုံးတုံ့တုံ့ဖြင့် ကျန်းရီကို ပြန်မေး၏။

"မင်း အဲ့ဒီမှာ နေ့တစ်ဝက်တောင် နေဖူးတယ်လေ။ဒီလောက် မြန်မြန်ကြီး မေ့သွားပြီလားကွ"

ဝမ်ရွှမ်က အံ့အားသင့်စွာ စကားဆိုလာသည်။

"အဲ့ဒီကိစ္စက တကယ်ပဲ ဖြစ်ခဲ့တာလား?"

ကျန်းရီသည် အစပိုင်းတွင် စိတ်ရှုပ်နေဆဲဖြစ်ပြီး ဝမ်ရွှမ့်၏ ဝေခွဲမရသော အမူအရာကို ကြည့်၍ ခဏမျှ စဥ်းစားပြီးနောက် သွေးရောင်ပျောက်လျ
က် ဖြူဖျော့လာတော့သည်။နောက်ဆုံးတွင် သူမှ
တ်မိသွားချေပြီ။ဝမ်ရွှမ် မသိဘဲ သူနေခဲ့ဖူးသော နေရာသည် ချူလျန်နှင့် အချင်းများပြီး အခြေခံတည်ထောင်ခြင်းအဆင့်သို့ ဝမ်ရွှမ် ပြန်ဆင်းပြီးနောက် သတိလစ်နေစဥ်က ကျီကျစ်အန်းတစ်ယောက် သူ့ကို ဖမ်း၍ ရေခဲလေပြည်လှိုဏ်ဂူထဲ
တွင် နေ့တစ်ဝက်ခန့် အကျဥ်းချခဲ့ခြင်းဖြစ်သည်။

ရေခဲလေပြည်လှိုဏ်ဂူမှလွဲ အခြားမဖြစ်နိုင်ချေ။

ထိုစဥ်တုန်းက ကျန်းရီသည် လှိုဏ်ဂူထဲတွင် ကျင့်ကြံခြင်းအဆင့်အတွက် နည်းလမ်း ရှာဖွေပြီး ကျင့်ကြံနေခြင်းကြောင့် အခြား ရောက်ဖူးသူများထ
က် ပိုသက်သာစွာ နေနိုင်ခဲ့သည်။သို့သော် 'ရေခဲလေပြည်လှိုဏ်ဂူ'ဟု ကြားရသည်နှင့် ကူကယ်ရာမဲ့စွာ ကြက်သီးဖြန်းဖြန်းထသွားရလေသည်။

"ရေခဲလေပြည်လှိုဏ်ဂူက အရမ်းကျယ်တယ်။မြေအောက်မှာ မြှုပ်ထားတဲ့အပြင် အထဲမှာ လမ်း
ခွဲတွေ အများကြီး ရှိတော့ အားလုံး ဝင်ပုန်းကြမ
ယ်ဆိုရင်တောင် ပြသနာ မရှိလောက်ဘူး"

"ဒါပေမယ့်...ရေခဲလေပြည်လှိုဏ်ဂူထဲမှာ တိုက်နေတဲ့ လေအေးတွေက သာမာန်လူတွေ ခံနိုင်ရ
ည်ရှိလောက်တဲ့ အရာမျိုး မဟုတ်ဘူး"

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now