Ch-1

4K 144 0
                                    

CH-1 ကျွန်မနာမည်လင်းယိရှင်း။

ငါ့နာမည်လင်းယိရှင်း။ငါက၂၅နှစ်ရှိပြီ။

ငါ့မိဘတွေကငါအရမ်းကိုငယ်သေးတဲ့အချိန်ကတည်းကကားတိုက်မှုနဲ့သေဆုံးသွားခဲ့တယ်။ငါလည်းပဲကားတိုက်ခံရတဲ့ထဲကတစ်ယောက်ပေမယ့်ကံကောင်းစွာပဲအသက်ရှင်နိုင်ခဲ့တယ်။ဒါပေမယ့်ငါ့ရဲ့ကလေးဘဝမှတ်ဥာဏ်အားလုံးငါ့မိဘတွေအပါအဝင်ပေါ့ အားလုံးမေ့ပျောက်သွားခဲ့ပါပြီ။ကားကလက်ရန်းကိုရိုက်မိပြီးလေထဲအကြိမ်ရေများများလည်ထွက်သွားခဲ့တာကပဲငါပြန်မှတ်မိနိုင်တဲ့တစ်ခုတည်းသောအပိုင်းပဲ။အခုထိတိုင်မြင်ကွင်းကငါ့စိတ်ထဲထင်ထင်ရှားရှားစွဲနေတုန်းပဲ။

  ဒီနေ့ထိတိုင်အောင်ငါမျက်လုံးတွေမှိတ်လိုက်တိုင်းအချို့အချိန်တွေဆိုကားကမြေပေါ်လျှောပါသွားပြီးနားစည်ကွဲမတတ်သတ္တုချင်းပွတ်တိုက်သွားတဲ့အသံတွေကိုကြားနိုင်နေဆဲပဲ။

ရှင်သန်ခြင်း သို့ သေဆုံးခြင်းကိုဖြစ်ပေါ်စေခဲ့တဲ့အသံ။

  ကားမတော်တဆမှုကငါ့ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေခဲ့တယ်။

  အဲ့အချိန်ကစပြီးငါကငါ့ရဲ့အချစ်ရဆုံးမိဘတွေကိုဆုံးရှုံးခဲ့ရရုံသာမကသရဲတွေကိုပါမြင်နိုင်ခဲ့တယ်။

ဆေးရုံရောက်နေချိန်ငါ့မျက်လုံးတွေဖွင့်လိုက်တော့ငါတစ်ခါမှမမြင်ဖူးခဲ့တဲ့ကြောက်စရာအရာတွေနဲ့ဝန်းရံခံထားရတယ်။သူတို့ထဲကအုပ်စုတစ်ခုကမျက်နှာကျက်မှာလွှင့်မျောနေရင်းငါ့ကိုစိတ်ဝင်တစားစောင့်ကြည့်နေတယ်။

အဲ့အချိန်မှာပဲငါဟာအခြားသူတွေနဲ့ကွဲပြားတဲ့ဘဝတစ်ခုမှာနေထိုင်ဖို့ဖြစ်လာခဲ့တာပဲ။
 
ဒါပေမယ့်ငါအသက်ကြီးလာလေလေငါ့ပတ်ဝန်းကျင်ကသရဲတွေကလည်းထူးဆန်းသထက်ထူးဆန်းလာလေပဲ။
 
ဥပမာပြောရရင်

  ငါအခုနေ,နေတဲ့နေရာမှာလွန်ခဲ့တဲ့နှစ်တွေတုန်းကလူသတ်မှုတစ်ခုဖြစ်ခဲ့တယ်။အငယ်အနှောင်းတစ်ဦးကိုတရားဝင်ဇနီးကလသာဆောင်ကနေတွန်းချခဲ့တယ်။မယားကြီးကအပြစ်ကိုဝန်ခံခဲ့ပေမယ့်မယားငယ်ရဲ့ဝိညာဉ်ကတော့ဘယ်တော့မှမကျွတ်လွတ်ခဲ့ပါဘူး။
 
ဒါကြောင့်နေ့တိုင်းဆိုသလိုသူမကပြတင်းပေါက်ကနေသူမကိုယ်သူမတွဲလောင်းချိတ်ဆွဲနေတော့တယ်။သူမကပြူ းကျယ်ဝိုင်းစက်နေတဲ့နီရဲရဲမျက်လုံးကြီးတွေနဲ့ငါ့ကိုစူးစူးရဲရဲကြည့်နေတတ်တယ်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now