Ch-49

135 16 0
                                    

Ch-49  ဟုန်ရှောင်ပေ့၏ဇာတ်လမ်း(P-1)

  "ရှင့်ကိုလောင်းကစားတွေထပ်မလုပ်ပါနဲ့တော့လို့ ကျွန်မဘယ်နှခါပြောရမလဲ။ရှင်အဲ့က‌ေနထွက်ဖို့ဆန္ဒမရှိခင် အကုန်လုံးကိုအဆုံးခံမလို့လား။ရှင့်မှာအသိတရားရောရှိရဲ့လား"

  ရှောင်ပေ့၏မွေးစားမိခင်သည်သူမခင်ပွန်းထံအော်‌ေပြာလိုက်သည်။သူသည်တစ်နေ့ကုန်လောင်းကစားလုပ်သည်လေ။

  ထိုအချိန်တိုင်းရှောင်ပေ့၏မွေးစားဖခင်သည်သက်ပြင်းသာချပြီးဆိုဆုံးမနေသည်ကိုလက်ခံလေ့ရှိသည်။အဲ့ဒီနောက်တော့ သူသည်တိတ်တိတ်လေးခိုးထွက်သွားလိမ့်ပေမည်။သူသည်သူ၏ဇနီးသည်စိတ်မငြိမ်ခင်အထိပြန်မလာရဲတော့ပေ။

  သို့သော်ဤအကြိမ်တွင်တော့ သူ၏အမူအယာမှာအနည်းငယ်ပုံမှန်ဖြစ်မနေပေ။

  "ဟုတ်ပါပြီ စိတ်လျှော့ပါဦးအမေရယ်။အရမ်းဒေါသမထွက်ပါနဲ့"

  ဟုန်ရှောင်ပေ့သည်သူမ၏မွေးစားမိခင်အားပွေ့ဖက်ပေးလိုက်ပြီး သူမအားပွတ်သပ်ပေးကာမဝံ့မရဲဖြင့်နှစ်သိမ့်လိုက်သည်။

  "သမီးကတက္ကသိုလ်ရောက်နေပြီလေ။အခုသမီးကပထမနှစ်ဆိုတော့ ဒီအချိန်မှာအလုပ်ဝန်တွေကသိပ်မတင်းကြပ်သေးဘူးလေ။သမီးအချိန်ပိုင်းအလုပ်တစ်ခုရှာပြီးပြီ။သမီးမှာသာဝင်ငွေရှိလာရင် မိသားစုအတွက်ငွေရေးကြေးရေးဝန်အချို့ကိုယူလို့ရနိုင်ပြီလေ"

  "ဒီထိပ်တန်းအဆင့်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုအောင်ဖို့ဆိုတာ လွယ်ကူတဲ့စမ်းသပ်မှုမဟုတ်ဘူးလေ။အမေကမင်းကိုစာကြည့်တဲ့နေရာမှာပဲအာရုံစိုက်ထားစေချင်တယ်။အချိန်ပိုင်းအလုပ်မလုပ်ပါနဲ့။အမေကသမီးကိုလူကြီးတွေရဲ့ဝတ္တရားအကြောင်းမစိုးရိမ်စေချင်ဘူးကွယ်"

  ရှောင်ပေ့၏မွေးစားမိခင်သည်သက်ပြင်းချလိုက်သည်။သူမခင်ပွန်းသည်အသုံးမကျပဲ ထိုသည်ကပင် သူမအနေဖြင့်ဘာကြောင့်ခံစားနေရသည်ဆိုသည်ပင်။သို့သော်သူမသည်သူမ၏ကလေးကိုတော့သူမလိုမျိုးမခံစားစေချင်ပေ။

  "ဒါပေမယ့် အမေ..."

  ဟုန်ရှောင်ပေ့သည်ထပ်ပြောချင်သေးသော်ငြား သူမမိခင်သည်စကားဖြတ်ပြောလာသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now