Ch-91

50 3 0
                                    

Ch-91  ကောင်းကျားလန်

  "အိုက်ယား။အဲ့ဒါလေးကဘာများအန္တရာယ်များမှာမလို့လဲ"

  မိမိသည်အရှိန်ပိုမြှင့်လိုက်ပြီး တံတား၏အမြင့်ဆုံးအပိုင်းဆီရောက်သွားခဲ့သည်။ထို့နောက်မိမိသည်စုယန်ထံလှည့်ကြည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။

  "ကျွန်မရှင့်ကိုပြောသားပဲ။အဆင်ပြေပါတယ်လို့ဆို"

  မိမိအဆင်ပြေသည်အားမြင်ရမှ စုယန်သည်စိတ်သက်သာရာရသွားခဲ့သည်။

  အမ်။နေပါဦး။ငါလည်းမသွားပဲနဲ့ဘာလို့နောက်ပြန်ရွေ့နေတာလဲ။ပြီးတော့အဲ့ဒါကမြန်တောင်မြန်လာသေးသလိုပဲ။

  အားး!

  မိမိသည်ဘရိတ်အားနှိပ်ရန်ကြိုးစားနေသော်ငြား အလုပ်မဖြစ်ပေ။

  လက်ရှိမိမိမှာ ဝှီးချဲပေါ်တွင်နောက်ပြန်လျှောဆင်းသွားတော့သည်။အဓိကအချက်က ငါအဲ့ဒါကိုထပ်မရပ်နိုင်တော့ဘူး။

  "အားး!ကြောက်စရာကြီး!အမေရေ!အားး"

  မိမိကိုယ်မိမိကယ်တင်ရန်အလို့ငှာ ရှေ့သို့ငုံ့ချကာမျက်နှာအားအုပ်ထားလိုက်သည်။မိမိပြုတ်ကျချိန်တွင် မျက်နှာနှင့်အရင်မကျပါ‌ေစနဲ့ဟုဆုတောင်းနေရသည်။

  "ရွှေငါးလေး"

  စုယန်သည်မိမိမှာဝှီးချဲအားမထိန်းချုပ်နိုင်တော့သည်ကိုသိလိုက်ရပြီး မိမိထံအမြန်ပြေးချလာသည်။သို့သော်မိမိတို့ကြားမှာအတော်လေးဝေးကွာနေဆဲပင်။သူရောက်လာချိန်တွင် မိမိမှာမှောက်လဲနေလောက်ပေမည်။

  "ရပ်ဦး"

  ရုတ်ချည်းမိမိနောက်မှနေမိန်းမအသံတစ်သံထွက်လာပြီး မိမိဝှီးချဲအားဆွဲလိုက်သည်။

  သူမသည်ဝှီးချဲအားရပ်လိုက်နိုင်သောကြောင့် မိမိမှာမှောက်ကျမသွားခဲ့ပေ။

  အဲ့တော့ငါမရှုံးနိုင်သေးဘူးထင်တယ်။အား....ဟားဟား

  "ရှင့်ကိုကျေးဇူးတင်ပါတယ်နော်"

  မိမိသည်ဝှီးချဲအားလှည့်လိုက်ကာ မိမိအားကယ်တင်ခဲ့သောကြောင့် ကြင်နာတတ်သောစိတ်နှလုံးရှိသူကိုရိုးရိုးသားသားကျေးဇူးတင်ချင်ခဲ့သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now