Ch-3

807 84 0
                                    

CH-3 နှုတ်ဆက်လိုက်တော့ မိန်းကလေးရေ

"ငါ…"

ဦးလေးကြီးမှာ ဆွံ့အသွားသည်။

မိမိသည်မျှော်လင့်ချက်မရှိတော့ဟန်ဖြင့်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

"ပြီးတော့ဦးလေးရေ ကျွန်မကရှင့်ကိုဝေးဝေးမှာရပ်ဖို့ပြောထားတယ်မလား။ရှင်သိလား ရှင့်ရဲ့အနံ့ကတစ်ကယ်ကို…ရှင့်မှာသေနတ်ရှိလား။ရှင့်မှာသေနတ်ရှိရင် ကျွန်မကိုအဝေးကနေပစ်လိုက်တော့။မြန်မြန်လုပ်လေ။ကျွန်မနားကပ်ရပ်ဖို့ကတော့ ရပ်တန်းကရပ်လိုက်တော့။တစ်ကယ်ကိုကျွန်မတောင်းပန်ပါတယ်နော်"

"ငါဘာလုပ်ရမယ်ဆိုတာကိုမင်းသင်ပေးစရာမလိုဘူး"

ဦးလေးကြီးမှာစင်ပေါ်မှဓားမြှောင်တစ်ချောင်းကိုယူကာမိမိလည်ပင်းပေါ်တင်လိုက်သည်။

"ဘဝကြီးကိုနှုတ်ဆက်လိုက်တော့။ကြမ်းပြင်ပေါ်ကကောင်လိုမျိုး"

မိမိမှာဘဝအားအဆုံးသတ်ရန်စောင့်ဆိုင်းရင်းမျက်လုံးတို့ကိုမှိတ်လိုက်သည်။မိမိလည်းပဲသရဲတစ်ကောင်ဖြစ်လာခဲ့ပါကဘော်ဒီဂတ်လန်းလန်းလေးနှင့်အငယ်မတို့ဘယ်လိုတုံ့ပြန်လာမည်ဆိုသည်ကိုသိချင်မိသည်။

သူတို့စကားမပြောနိုင်ကြ၍မိမိမှာယခင်ကတည်းမှသူတို့နှင့်မဆက်သွယ်ခဲ့ဖူးပေ။သို့သော်မိမိသာသရဲတစ်ကောင်ဖြစ်လာလျှင် သူတို့နှင့်ဆက်သွယ်နိုင်ပေလိမ့်မည်လေ ဟုတ်တယ်မလား?

အဆုံးမှာတော့မိမိတွေးသမျှတစ်ခုတည်းသောအရာမှာသရဲများသာဖြစ်သည်။

အိုးအိုး!ငါ့မိဘတွေ…

မိမိမှာသူတို့အားနှစ်ပေါင်းများစွာမတွေ့ခဲ့ရပေ။သူတို့ပုံရိပ်များမှာမိမိစိတ်ထဲတွင်ဝေဝါးလွန်းနေလေပြီ။ထူးထူးခြားခြားမိမိမှာသရဲများအားမြင်နိုင်သည်ကိုတောင်မှ မိဘများအားဘယ်တုန်းကမှမမြင်နိုင်ခဲ့ပေ။သူတို့မှာအရင်အချိန်များကတည်းမှ ပြန်လည်ဝင်စားသွားနိုင်ချေရှိသည်။ကျစ် ငါတစ်ကယ်ကိုမြင်ချင်ခဲ့တဲ့လူတွေကိုကျ ငါမမြင်နိုင်ဘူး။

  "ဦးလေးရေ။ရှင်ကျွန်မရဲ့တုံ့ပြန်ပုံကိုအံ့သြသွားတာလား။ကျွန်မကရှင်ကြုံတွေ့ခဲ့တဲ့လူတွေထဲမှာပထမဆုံးပဲလား"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now