Ch-66

107 12 0
                                    

Ch-66  သီးသန့်အကွာအဝေးတစ်ခု

  "ကျွန်မတို့စကားပြောလို့ရနိုင်မလား မစ္စတာလုဝမ်ရွှယ်ရှင့်။မလန့်ပါနဲ့။ကျွန်မကရှင့်ကိုမြင်ရပါတယ်။ကျွန်မကရှင့်သားကိုကူညီပေးဖို့ဒီမှာရှိနေတာပါ။ဒါကြောင့်မလို့ ကျွန်မကရှင့်ရဲ့အတိတ်အကြောင်းတစ်ခုခုကိုရှင့်ဆီမေးချင်တယ်"

  *buzz buzz*

  မိမိမှပြောမပြီးသေးခင်တွင် မိမိဖုန်းမှာမြည်လာသည်။စိုးရိမ်စရာကောင်းသောလေထုအားဖုန်းသံမှချိုးဖျက်သွားခဲ့သည်။မိမိမှကိုင်သည်ဖြစ်စေ မကိုင်သည်ဖြစ်စေကောင်းမွန်မနေပါချေ။မိမိသည်လုဝမ်ရွှယ်အားတောင်းပန်လိုက်သည်။

  "အားနာလိုက်တာ။ကျွန်မကိုတစ်စက္ကန့်လောက်ပေးပါဦး။ကျွန်မဖုန်းကိုင်ဖို့လိုလို့ပါ"

  မိမိသည်မီတာအနည်းငယ်မျှဝေးအောင်လျှောက်သွားလိုက်သည်။

  ဖုန်းမှပြသနေသည်မှာ:ကျွန်မရဲ့အချစ်ရဆုံးသောဘော့စ်

  ငါ့ရဲ့အချစ်ရဆုံးသောဘော့စ်။ဘယ်သူလဲ...

  အဲ့ဒါကစုယန်လို့တော့ငါ့ကိုမပြောနဲ့နော်။

  ဒါပေမယ့်ဒီဟာငါ့ဖုန်းcontactထဲရှိနေတယ်လေ။

  "ဟယ်လို"

  ထိုသည်မှာဘယ်သူမှန်းမိမိမှမသေချာသောကြောင့် မိမိသည်လေးစားစွာဖြင့်ဖုန်းကိုင်လိုက်သည်။

  "မင်းကဘယ်ကိုပြေးသွားတာလဲ"

  မိမိသည်အခြားဖက်ရှိစိတ်အနှောင့်အယှက်ဖြစ်နေမှုအားကြားနိုင်ခဲ့သည်။

  ပျင်းတွဲကာ သံရှည်‌ဆွဲနေသည်ကိုအခြေခံရလျှင် ထိုသူမှာစုယန်ဖြစ်ကြောင်းပြောနိုင်ခဲ့သည်။

  မိမိသည်လုဝမ်ရွှယ်အားလှမ်းကြည့်လိုက်သည်။သူသည်မိမိအားစောင့်နေဆဲပင်။

  "ကျွန်မကအခုအပြင်ရောက်နေတာ။အ‌ေရးကြီးတယ်။ကျွန်မသွား..."

  "မင်းငါ့ကိုဖုန်းချရဲရင် ဒီလအတွက်မင်းရဲ့လစာရမှာမဟုတ်တော့ဘူး"

  သူကဘယ်လိုလုပ်ပြီးအဖိုးတန်တဲ့ငါ့ရဲ့လစာနဲ့ငါ့ကိုခြိမ်းခြောက်ရဲရတာလဲ။မိမိသည်ဒေါသတထောင်းထောင်းထနေတော့သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now