Ch-65

115 17 0
                                    

ဂရုမှာအစအဆုံးပြီးထားပါပြီနော်။

Ch-65 သားဖြစ်သူနှင့်စကားစမြည်ပြောခြင်း

"သူလျှိုလား"

ငါထင်သားပဲ။

"အင်း။ငါနင်တို့ရဲ့သူလျှိုဖြစ်ပေးနိုင်တယ်။ငါကစုယန်နဲ့ရှန်ရှောက်ချင်တို့ဘာတွေလုပ်ခဲ့ကြတယ်ဆိုတာကိုပြောပြပေးမယ်။ငါကတစ်ကယ်ကိုနင်ထင်ထားတာထက်အသုံးဝင်ပါတယ်ဟဲ့"

"ဒါပေမယ့်နင်ကငါတို့ကိုဘာလို့ကူညီပေးချင်ရတာလဲ။စုယန်ကောကောကိုနင့်ရဲ့အလုပ်ရှင်လို့ယူဆလို့ရတယ်လေ"

"အတိုချုံ့ပြောရရင် ငါမီဖန်ဘက်က နေမပေးနိုင်ဘူး။ပြီးတော့ငါကအခြားလူတွေရဲ့ကိစ္စထဲဝင်ရှုပ်ရတာကိုကြိုက်တယ်လေ ဟုတ်ပြီလား"

မိမိ၏ပျူငှာသောစကားလုံးများဖြင့် မိမိသည်ရှန်ရှောက်နျူအားသိမ်းသွင်းနိုင်ခဲ့သည်။ခေတ္တအကြာ၌သူမသည်ခေါင်းငြိမ့်လာခဲ့သည်။

"ငါနင့်ကိုကျိန့်ရန်နဲ့တွေ့ဖို့ခေါ်သွားပေးနိုင်တယ်။ဒါပေမယ့်သူကနင်နဲ့စကားပြောချင်စိတ်ရှိမရှိတော့ ငါမသိဘူးနော်"

ကလေးတွေကတစ်ကယ်ကိုဒုက္ခအိုးပဲ...ငါကသူတို့ကိုကူညီချင်နေတယ်ဆိုတာရှင်းနေတာပဲလေ။ငါ့ကိုကြင်ကြင်နာနာနဲ့‌ေကျးဇူးတင်ကြရမယ့်အစား ငါကတောင်ဝင်ပါဖို့တောင်းဆိုနေရတယ်အေ။အာ..ထားလိုက်တော့။ငါစုယန်ကိုမီဖန်နဲ့ထပ်ခါထပ်ခါဆက်မတွေ့စေချင်တော့ဘူး။ငါကလည်းငါ့အတွက်ငါလုပ်နေတာပဲလေ။အဲ့တော့ ဒီအမှုရဲ့အောက်ခြေထိရောက်နိုင်သမျှရောက်အောင်ငါတစ်ကယ်လုပ်ရမယ်။

လုကျိန့်ရန်သည်ကျောင်းဆင်းသည်နှင့်နေ့စဉ်နေ့တိုင်းအသားကင်ဆိုင်၌အလုပ်လုပ်သည်ဟုရှန်ရှောက်နျူကပြောပြခဲ့သည်။

ထိုအကြောင်းအားစဉ်းစားရလျှင် လုကျိန့်ရန်သည်သနားစရာကောင်းသောကလေးတစ်ဦးဖြစ်သည်။သူ၏ဖခင်သည်သူ့အကျဥ်းထောင်ခန်းထဲ၌ သေသည်အထိရိုက်နှက်ခံခဲ့ရသည်။သူသည်ဤမျှငယ်ရွယ်သောအသက်အရွယ်မှာပင် အမုန်းတရားများစွာဖြင့်ပြည့်နှက်နေခဲ့သည်။သူသည်လည်းမှီခိုစရာမည်သူမျှရှိမနေပါပေ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Onde histórias criam vida. Descubra agora