Ch-14

477 51 0
                                    

Ch-14 ကျွန်မလူဆိုးသွားဖမ်းမလို့

  Oh god!စာရေးဆရာတွေအားလုံးမှာဒီလိုထူးဆန်းတဲ့အတွေးအခေါ်‌ေတွရှိတာလား။ဒါကဘယ်လိုလော့ဂျစ်ကြီးလဲ။သူနံရံကိုတိုက်မိတုန်းကခေါင်းထိသွားတာလား။

  "ညီအစ်ကိုရေ ကျွန်မမှာတစ်ကယ်ကိုအရေးတကြီးလုပ်စရာရှိနေတာနော်။တံခါးဖွင့်ပေးပါ"

  မိမိသည်ဒေါသတကြီးဆက်ခေါက်နေလိုက်သည်။သို့သော်တုန့်ပြန်မှုမရှိပေ။နောက်ဆုံးမှာတော့မိမိမှာအရှုံးပေးလိုက်တော့သည်။

"ရှင် စိတ်ရှုပ်စရာမှင်စာကောင်"

  မိမိသည်တံခါးထံအော်ဟစ်လိုက်သည်။

  မိမိသည်မျှော်လင့်ချက်မဲ့စွာဖြင့်လှည့်လိုက်ပြီးရှီယုနှင့်မျက်နှာချင်းဆိုင်လိုက်သည်။

  "ငါတို့ဒီနေ့တော့မသွားနိုင်တော့ဘူးလို့ထင်တယ်"

  ရှီယုသည်မိမိပြောသည်အားကြားသည်နှင့် မိမိရှေ့တွင်ပင် နံရံအားဖြတ်သွားလိုက်ပြီး ပြန်လာသည်။နံရံကိုဖြတ်တယ် ပြန်လာတယ်။နံရံကိုဖြတ်တယ် ပြန်လာတယ်။
……………

  အမျိုးသမီးရှင့် ရှင်ကနံရံတွေကိုဖြတ်သွားနိုင်ပေမယ့်ကျွန်မကမလုပ်နိုင်ဘူးလေ။

  သိုသော်အပြင်ဘက်တွင်တော့ မိမိသည်လက်ခုပ်လက်ဝါးတီးကာ ပမာမခန့်လေသံဖြင့်ပြောလိုက်သည်။

  "ဝိုး!နံရံကိုဖြတ်သွားတဲ့နည်းပညာက အရမ်းအံ့ဩစရာကောင်းတာပဲ။နင်ငါ့ကိုမျက်နှာလာပြောင်နေတာလား"

  သူမသည်မိမိ၏ထေ့ငေါ့နေသည့်သဘောထားအားအာရုံရသွားပုံပေါ်ပြီး မိမိအားတစ်ယောက်တည်းထားခဲ့ကာ မိမိ၏ကြောင်သရဲလေးနှင့်‌ေဆာ့ရန် ထောင့်တွင်ခွေထိုင်လိုက်သည်။

တင်းကြပ်စွာပြောရလျှင် ရှီယုသည်သူမ၏ခန္ဓာကိုယ်မှာအသက်ရှိနေသေးသည့်အတွက် လူသားတစ်ဦးဖြစ်နေဆဲပင်။ထို့ကြောင့်ဤအကြိမ်သည် တစ်ယောက်‌ေယာက်မှမိမိနှင့်တစ်ညလုံးလိုလိုလားလားနေခဲ့သောပထမဆုံးအကြိမ်ဖြစ်သည်။

  ဒါကဒဏ္ဍာရီလာbestie nightဖြစ်နိုင်မလား။

  ဤအကြောင်းအားတွေးကြည့်ရာ မိမိသည်ပုံမှန်မဟုတ်စွာပျော်ရွှင်နေသလိုခံစားနေရသည်။အချိန်နှင့်အမျှ မိမိသည်ရှီယုအားစိုက်ကြည့်နေမိလိုက်သည်။သူမသည်တွန်နှင့်ကစားနေဆဲပင်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now