Ch-73

78 10 0
                                    

Paid မှာအစအဆုံးပြီးထားပါပြီနော်။

Ch-73  ချောက်တွန်းခံရခြင်း

  သို့သော် သွားရာလမ်းတစ်ဝက်တွင် သူသည်ရွှံ့အိုင်ထဲတွင်သတိလစ်နေသောကလေးတစ်ဦးအားသတိပြုမိလိုက်သည်။

  လုဝမ်ရွှယ်မှသူမအားထူမလိုက်သောအခါ ကလေး၏ကိုယ်သည်အေးစက်တောင့်တင်းနေပြီဖြစ်သည်။သူမမျက်နှာသည်ရွှံ့များ‌ေပကျံနေပြီး သူမကိုယ်ထက်တွင်လည်းဒဏ်ရာပေါင်းစုံရှိနေခဲ့သည်။

  လုဝမ်ရွှယ်သည်၁၂၀အားဆက်သွယ်ကာ ကလေးအားအရေးပေါ်ဌာနဆီပို့ပေးလိုက်သည်။သို့သော်ထိုသည်မှာ အသုံးမဝင်ခဲ့ပေ။ဆရာဝန်မှာကလေးသည်သန်းခေါင်ယံကတည်းမှ အသက်မရှိတော့ပါဟုပြောခဲ့သည်။သေဆုံးရခြင်း၏အကြောင်းမှာ အသက်ရှူကြပ်၍ဖြစ်သည်။သူမလည်ပင်းပေါ်တွင် ထင်ရှားသောအရွယ်ရောက်သူလက်ဗွေရာတစ်ခုရှိနေသည်။

  မတော်တဆမှုသည်တစ်မြို့လုံးအနှံ့လှုံ့ဆော်မှုဖြစ်စေခဲ့သည်။မူလက ထိုအမှုသည်အာရုံစိုက်ခြင်းခံရသောကိစ္စမဟုတ်ပေ။သို့သော်ငြား အင်တာနက်၏လှုံ့ဆော်မှုကြောင့် မကြာခင်တွင် ပြည်နယ်နှင့်တိုင်းပြည်တစ်ခုလုံးအနှံ့ပျံ့နှံ့သွားတော့သည်။

  လုဝမ်ရွှယ်သည်ထိုနေ့မှ ဥက္ကဌကျိချန်၏အပြုအမူကိုအစဖော်လိုက်မိပြီး ဤသည်မှာသူ၏လုပ်ရပ်ဖြစ်မည်ဟုသံသယဝင်ခဲ့သည်။သို့သော်ငြား ရုတ်တရက်ဆိုသလို လုဝမ်ရွှယ်အားရဲများကဖမ်းခေါ်သွားခဲ့သည်။မူလရှင်းပြချက်မှာတော့ စစ်ဆေးရေးအတွက်သူ့အားမဖြစ်မနေလိုအပ်လို့ပါဟူ၍ပင်။

  သို့သော်ရဲစခန်းအားသူတို့ရောက်သွားချိန်တွင် သတင်းထောက်မတစ်ယောက်ရှိနေသည်။သတင်းထောက်မသည်လုဝမ်ရွှယ်မှာ အခြားတစ်ယောက်အပေါ်အပြစ်ဖို့ရန်ကြိုးစားနေပါသည်ဟု ယုံကြည်ချက်ရှိရှိကြေညာလာခဲ့သည်။သူမသည် သူမ၏သတင်းထောက်ဟူသည့်ခေါင်းစီးအားသုံးကာ ကောလဟလများစွာကိုဖြန့်ခဲ့သည်။

  မကြာခင်မှာပင် လူတိုင်းသည်လုဝမ်ရွှယ်မှာလူသတ်သမားဖြစ်သည်ဟုယုံသွားခဲ့ကြသည်။

  တစ်နေရာမှနေ ရဲများသည်သက်သေအချို့အားရှာတွေ့ခဲ့ကြသည်။သိရသလောက်မှာတော့ ကလေး၏လက်ဖဝါးတွင် လုဝမ်ရွှယ်၏အပိုင်းအစအချို့ရှိနေခဲ့သည်။ထို့နောက် ကလေး၏မိဘများသည်လည်း သူ့ကိုစတင်စွပ်စွဲခဲ့ကြသည်။သူတို့သည်ကျောင်းအုပ်မှာ သူတို့သမီးအားသတ်ခဲ့သည်ဟု ယုံခဲ့ကြသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now