Ch-63

103 13 0
                                    

ဒါလေးကဂရုမှာအစအဆုံးပြီးထားပါပြီနော်။

Ch-63  နားလည်မှုလွဲခြင်း

  ဒါက....wall pressလား။မဟုတ်ဘူး နေဦး။door pressပေါ့။

  "ရှင်ကအခုဘာဖြစ်ပြန်တာလဲ"

  "မင်းကံကြမ္မာကိုယုံလား"

  စုယန်၏ဘယ်ဘက်လက်မောင်းသည်မိမိ၏လမ်းကိုလုံးဝပိတ်ဆို့ထားခဲ့သည်။အရေးအကြီးဆုံးမှာ သူ၏အင်္ကျီသည်ကြယ်သီးတပ်မထားသေးပေ။တစ်ကယ်ကြီးလား...

  "ရှင်ကဘာလို့ကျွန်မကိုရုတ်တရက်ကြီးဒါတွေလာမေးနေရတာလဲ"

  မိမိသည်မျက်လုံးများမှာမှိတ်လိုက်သည်။

  "ဒီနေ့ငါတို့တွေ့ကြပြီးနောက်မှာ မီဖန်ကဇနီးအဖြစ်ငါရှာနေတဲ့မိန်းကလေးမျိုးနဲ့ကိုက်ညီနေတယ်။အလှတရားရှုထောင့်တစ်ခုအရ ငါတို့ကတူညီကြတယ်။ငါတို့ရဲ့တန်ဖိုးစနစ်တွေကလည်း အခြေခံအားဖြင့်တော့ထပ်တူညီတာပဲလေ။ငါတို့စကားပြောကြတဲ့အခါ အရမ်းစိတ်ကျေနပ်စရာကောင်းတယ်။လူအများနဲ့ပြောတဲ့အခါမှာငါဖြစ်တတ်တဲ့စိတ်အနှောင့်အယှက်မျိုးကိုနည်းနည်းလေးမှငါမခံစားခဲ့ရဘူး"

  အဲ့တော့နင်ကတမင်တကာကြီးနင့်ရဲ့မီဖန်အ‌ေကြာင်းအမွှန်းတင်နေတာကို ငါ့ကိုအတင်းအကြပ်နားထောင်ခိုင်းနေတာလားဟဲ့။နင်ငါ့ကိုလာနောက်နေတာလား။

  မီဖန်ကအံ့ဩစရာကောင်းတယ်လို့ နင်ထင်နေရင်လည်း ငါကသူမရဲ့ညစ်ပတ်တဲ့နောက်ကြောင်းကိုတူးဖော်ပစ်ပြီး အဲ့အ‌ေကြာင်းကိုငွေကုန်ခံေဖာ်ထုတ်ပြမယ်။

  မိမိသည်အေးစက်စက်ရယ်မောလိုက်ပြီး မျက်လုံးများအားဖွင့်ကာစုယန်နှင့်တည့်တည့်အကြည့်ဆုံလိုက်သည်။

  "ရှင်ဘာလို့အိမ်ပြန်နောက်ကျရတာလဲဆိုတာဒါကြောင့်လား။ဒါဆိုဘာဖြစ်သွားတာလဲ။ရှင်ကမီဖန်ကိုရှာဖို့သွားခဲ့တာလား။ရှင့်ရဲ့ပြီးပြည့်စုံတဲ့ဇနီးလေး...ဒီနေ့ဖြစ်ခဲ့တာတွေကိုကြောက်နေမှာစိုးလို့လား။သူမကိုနှစ်သိမ့်ပေးနိုင်ခဲ့ရဲ့လား။ရှင်တို့နှစ်ယောက်..."

  မိမိ‌မှပြီးအောင်မပြောနိုင်သေးခင် စုယန်သည်မိမိပါးစပ်အားအုပ်လိုက်ကာ သက်ပြင်းချလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now