Ch-62

110 14 0
                                    

ဂရုမှာအစအဆုံးပြီးထားပါပြီနော်။

Ch-62  စုယန်၏ဒဏ်ရာ

  မိမိသည်မောက်စ်အားကိုင်ထားသည့်လက်ကို တိတ်တိတ်လေးဖယ်လိုက်ကာ ကိုယ့်ဘာသာကိုယ်အသံတစ်သံမှထွက်ခွင့်မပြုခဲ့ပေ။မိမိ၏အာရုံအလုံးစုံကိုတံခါးနောက်ရှိလှုပ်ရှားမှုပေါ်သာစူးစိုက်ထားသည်။

  *ဒုန်း ဒုန်း*

  နောက်ထပ်တံခါးခေါက်သံနှစ်ချက်ထွက်လာသည်။ဤအကြိမ်တွင်တော့ မိမိမှာအထင်မှားခြင်းမဟုတ်ကြောင်းသေချာသွားလေပြီ။တစ်ကယ်ကြီးကိုတစ်ယောက်ယောက်ကတံခါးခေါက်နေတာ။

  "ဘယ်သူလဲ..."

  မိမိသည်အားလျော့စွာတုံ့ပြန်ရင်းတံခါးဆီဖြည်းဖြည်းချင်းဦးတည်ကာ မိမိကိုယ်အားနံရံနှင့်ကပ်မှီထားလိုက်သည်။

"စုယန်"

  ထိုလူကပြန်ဖြေလာသည်။

  "ငါ့ကိုအထဲဝင်ခွင့်ပေးဦး"

  မိမိသည်ချက်ချင်းပင်စိတ်သက်သာရာရသွားပြီး မိမိခေါင်းကိုတံခါး‌ေပါ်မှီချလိုက်သည်။

  "ဝင်မလာနဲ့။လတ်တလောတော့ ရှင့်ကိုဝင်ခွင့်ပြုချင်စိတ်ကျွန်မမှာရှိမနေဘူး"

  စုယန်သည်တံခါးအားထပ်ခေါက်လာသည်။သူသည်မိမိမကြားရသည်မှာကြာလှပြီဖြစ်သည့်ပေါ့ပါးပြီးမြန်ဆန်သည့်လေသံအားသုံးခဲ့သည်။

  "ငါတို့စကားပြောလို့ရမလား"

  "ကျွန်မကအိပ်တော့မှာ"

  "မင်းရဲ့ဘော့စ်အနေနဲ့ ငါမင်းကိုတံခါးဖွင့်ဖို့အမိန့်ပေးနေတယ်နော်"

  ချိုသာသောတစ်ခုခုကိုပြောဆိုရမည့်အစား စုယန်သည်မိမိအားဖိနှိပ်ရန် သူ၏သုံး‌ေနကျဘော့စ်ခေါင်းစဉ်ကိုသာသုံးနေခဲ့သည်။မိမိသည်ဒေါသထွက်ကာတံခါးအားခပ်ကြမ်းကြမ်းဆွဲဖွင့်လိုက်သည်။ထို့အတူစုယန်သည်တစ်ချိန်လုံးတံခါးကိုမှီနေခဲ့ခြင်းဖြစ်သည်။မိမိတံခါးအားဆွဲဖွင့်လိုက်ချိန်တွင် သူသည်မိမိလက်မောင်းများထဲတိုက်ရိုက်ဝင်လာတော့သည်။

  မိမိပြောချင်သမျှစကားလုံးများအားလုံးသည်ကွာကျသွားတော့သည်။ငါဘာထပ်ပြောချင်နေခဲ့တာပါလိမ့်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now