Ch-59

116 14 0
                                    

Ch-59  အဝေးမှစောင့်ကြည့်ခြင်း

  "မင်းစုယန်ရဲ့အခန်းထဲဝင်ခဲ့တာလား"

  ရှန်ရှောက်ချင်သည်အော်လိုက်သည်။ထို့နောက်သူသည်မိမိဘက်လှည့်လာသည်။

  "မင်းလည်းအဲ့ဒါကိုမြင်ခဲ့တာလား"

  မိမိသည်နားမကြားဟန်ဆောင်ကာ လက်နှစ်ဖက်သာဖြန့်ပြလိုက်သည်။ရှန်ရှောင်ချင်၏တုံ့ပြန်ပုံအရ သူသည်စုယန်၏အခန်းနှင့်ရင်းနှီးနေသင့်ပေသည်။

  "ရှောက်နျူရေ။ငါမင်းကိုသတိပေးထားမယ်နော်။ထူးထူးဆန်းဆန်းတွေလျှောက်မလုပ်နဲ့တော့။အဲ့လိုမဟုတ်ဘဲ စုယန်စိတ်တိုသွားခဲ့ရင် ငါတောင်မှမင်းကိုမကယ်နိုင်ဘူးနော်"

  "စုယန်ကောကောကငါ့လိုမိန်းမသားမျိုးအပေါ်စိတ်တိုလာမှာမဟုတ်ဘူး"

  ရှန်ရှောက်နျူသည်သူမဖုန်းအားထုတ်ကာ စာရွက်ပိုင်းပေါ်မှလိပ်စာအားစတင်ရှာဖွေတော့သည်။

  "အိုး။ဒါကိုထပ်ပြီး"

  ရှန်ရှောက်ချင်သည်‌ေမျှာ်လင့်ချက်မဲ့စွာခေါင်းယမ်းရင်း ဆိုဖာပေါ်အားပျက်စွာထိုင်ချလိုက်သည်။သူသည်အရှုံးပေးခဲ့သည်။

  "ဟမ်"

  ရှန်ရှောက်နျူသည်တစ်ခုခုအားရှာတွေ့သွားပုံရသည်။သူမသည်အံ့ဩတကြီးကြည့်ကာ မျက်မှောင်ကြုတ်ခဲ့သည်။မိမိသည်သူမ၏ဖုန်းမျက်နှာပြင်အားကြည့်ချင်သောကြောင့် မှီချလိုက်သည်။သူမ၏မျက်နှာအမူအယာမှာ ဘာကြောင့်အလွန်ဆိုးဆိုးဝါးဝါးပြောင်းသွားခဲ့သည်ကို မိမိမှာသိရဖို့စပ်စုမိခဲ့သည်။

  "ဒီနေရာကအိမ်နဲ့အရမ်းဝေးလွန်းတယ်..."

  ရှန်ရှောက်နျူသည်သူမဘာသာရေရွတ်နေခဲ့သည်။

  "ဝေးနေတော့ဘာဖြစ်လို့လဲ"

  မိမိသည်လွှတ်ကနဲမပြောဘဲမနေနိုင်ခဲ့ပေ။

  "ပုံမှန်ဆို စုယန်ကပြီးပြီးရောတွေ့ချင်ခဲ့တာဆိုရင် သူကဘယ်တော့မှဒီလောက်ဝေးတဲ့နေရာကိုရွေးမှာမဟုတ်ဘူး။ဒါနဲ့ပတ်သက်ပြီးငါ့မှာမကောင်းတဲ့ခံစားချက်တစ်ခုရနေတယ်"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now