Ch-90

79 8 0
                                    

Ch-90  မင်းကငါ့ရဲ့လက်အောက်ငယ်သားလေ

  "ရွှေငါးလေး ငါ့ကိုအာလူး‌ေကြာ်တစ်ထုပ်ပေးဦး။ငါဂိမ်းဆော့နေလို့"

  "ရွှေငါးလေးငါ့ကိုရေတစ်ခွက်ပေးဦး။ငါရေဆာလို့"

  "ရွှေငါးလေးအဲကွန်းဖွင့်ပေးဦး။ဒီမှာပူလိုက်တာ"

  "ရွှေငါးလေးအဲကွန်း‌ပိတ်လိုက်ပါဦး။အေးလွန်းလို့..."

  မိမိမှာထပ်ထိန်းမထားနိုင်တော့ပေ။စုယန်မှသူ၏စကားဆုံးအောင်မပြောရသေးခင်တွင် မိမိသည်ကူရှင်အား သူ့ခေါင်းဆီချိန်၍ပစ်ပေါက်လိုက်သည်။ထူးဆန်းစွာပင် သူသည်ဖမ်းမိသွားပြီး သနားစရာအမူအယာဖြင့်လှည့်ကြည့်လာသည်။

  "မင်းဘာလို့ငါ့ကိုဒီလိုဆက်ဆံရတာလဲ..."

  မိမိသည်သူ့ထံမှုန်ကုပ်ကုပ်ကြည့်လိုက်သည်။

  "ရှင်ဘယ်လိုထင်လဲ။ဟယ်လို။ကျွန်မကနေမကောင်းတဲ့လူနာနော်။ဝှီးချဲပေါ်ကလူကို ရှင့်အတွက်ကိစ္စတွေလုပ်ခိုင်းဖို့ရှင်ဘယ်လိုမေးရက်နိုင်တာလဲ။ရှင်မရှက်ဘူးလား"

  လက်ရှိမိမိမှာ မသန်စွမ်းသူတစ်ဦးအဖြစ်သတ်မှတ်လို့ရသေးသည်။အစက မိမိမှာစုယန်ကဘယ်လိုပြုစုလာမည်နည်းဟုမျှော်လင့်နေခဲ့မိသည်။မိမိမှာနောက်ဆုံးတော့ ဂရုစိုက်ခံရသည်ဆိုသောအတွေ့အကြုံကိုခံစားရလိမ့်မည်ဟုထင်ခဲ့မိသည်။သို့သော်အပြန်အလှန်ပါပဲ....

   မိမိတို့အိမ်ရောက်သော် ဝှီးချဲအားသုံးရသည်မှာအလုပ်ကြမ်းလုပ်ရသည်ထက်ပို၍ထိရောက်မှုရှိကြောင်း စုယန်ကအခိုင်အမာပြောခဲ့သည်။ရလဒ်အနေဖြင့် မိမိမှာ ဒဏ်ရာမရခင်ကအလုပ်များနှင့်တကွအိမ်အလုပ်များကိုပါ ပိုလုပ်ခဲ့ရသည်။

  ယခုတော့ သူအစာစားခြင်းနှင့်သန့်စင်ခန်းသုံးသည်မှအပ အခြားအရာများအားလုံးကိုသူ့အားမိမိမှကူညီပေးရသည်။

  "ရွှေ...ငါးလေး"

  စုယန်သည်မိမိ၏နာမည်ပြောင်ကို တမင်သက်သက်သံရှည်ဆွဲ‌ေခါ်လိုက်သည်။သူ၏အသံမှာနည်းနည်းချွဲပစ်နေသည်။

  "တော်တော့..."

  မိမိသည်နားများအားအုပ်ကာ မိမိ၏ဝှီးချဲ၏နောက်မှီပေါ် ခေါင်းအား အားလျော့စွာမှီလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now