Ch-89

50 2 0
                                    

Ch-89  မီဖန်၏ရှုထောင့်(P-2)

  မိမိတို့နှစ်ဦးကြားတွင် ကြာမြင့်ကာတိတ်ဆိတ်သောရပ်တန့်မှုတစ်ခုရှိနေသည်။နောက်ဆုံးတော့ မိမိ၏ချိစ်ကိတ်ရောက်လာခဲ့သည်။ထိုသည်ကမိမိတို့ကြားရှိကသိကအောက်ဖြစ်မှုကို ပျော်ဝင်သွားစေသည်။

  စုယန်သည်ချိစ်ကိတ်နှင့်မာချီရာတိုအားစိုက်ကြည့်နေသည်။

  "မင်းကနောက်ပိုင်းမှာစိတ်ဖိစီးစရာတွေများရှိနေလို့လား။အဲ့ဒါကသကြားဓာတ်တွေအများကြီးပဲ"

  မိမိသည်ချိစ်ကိတ်အားတစ်ကိုက်ကိုက်ဖို့လုပ်နေသော်ငြား မိမိလက်မှာလေထဲတန့်သွားသည်။

  မိမိသည်စုယန်ဘာပြောလိုက်သည်ကို ကြိုးစားပုံဖော်ခဲ့သည်။အဲ့ဒါကအန္တရာယ်ကင်းတဲ့မေးခွန်းတစ်ခုလား ဒါမှမဟုတ် သူကတစ်ခုခုကိုရည်ညွှန်းနေတာလား။

  မဟုတ်ဘူး။အဲ့ဒါမဖြစ်နိုင်ဘူး။သူကဘာလို့လုပ်ရမှာလဲ။ဒီရက်တွေမှာ ငါကအရာရာကိုသံသယဝင်နေတော့ပဲ။မိမိမှာထိုသည်ကကျပန်းမေးခွန်းတစ်ခုသာဖြစ်ကြောင်းအား ကိုယ့်ဘာသာကိုယ်စည်းရုံးခဲ့ရသည်။

  "အချိုပွဲတွေကိုစားရတာမကြိုက်တဲ့ အမျိုးသမီးရှိလို့လား။ကျွန်မကသတင်းထောက်တစ်‌ေယာက်ဆိုတဲ့အထောက်အထားကို ဘေးဖယ်ခဲ့‌ေပမယ့် အချိုပွဲတွေကိုတော့ စွန့်ပစ်မှာမဟုတ်ဘူးနော်"

  မိမိသည်ဟာသတစ်ခုအားကြိုးစားပြောလိုက်ရင်း စကားဝိုင်းအားဆက်လိုက်သည်။

  အကြောင်းအရင်းအချို့ကြောင့် မိမိမှာအပြင်ဘက်မှတစ်ယောက်ယောက်ကကြည့်နေသလိုခံစားလိုက်ရသည်။မိမိသည်ပြတင်းပေါက်ဘက်လှည့်ကြည့်လိုက်သည်။မိမိမှာထူးဆန်းသောခံစားချက်သည်ဘယ်နေရာမှလာနေသည်ကိုသိချင်ခဲ့သည်။

  "မကြည့်နဲ့"

  စုယန်သည်ရုတ်ချည်းမိမိလက်အားဆွဲကိုင်လိုက်သည်။

  "ပြတင်းပေါက်အပြင်ကိုမကြည့်နဲ့။သဘာဝကျကျပဲနေ ပြီးရင်ငါနဲ့စကားဖလှယ်ပေး"

  "အပြင်ဘက်မှာတစ်ယောက်ယောက်ရှိနေတာလား"

  သူ၏အပြုအမူနှင့်လေသံသည် မိမိ၏သိချင်စိတ်အားနှိုးဆော်နေသည်။မိမိသည်မိမိခရင်းပေါ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now