Ch-78

61 4 0
                                    

Ch-78  ဩချလောက်စရာ သရုပ်ဆောင်မှု

  "အိုး"

  ချက်ချင်းပင် မိမိမှာခိုင်မာသည့်ဆိုးဝါးသောခံစားချက်တစ်ခုအားခံစားနေရပြီး ဘာမှထပ်ပြောစရာမရှိတော့ပေ။မိမိသည်အဆင့်သင့်ရှိ‌ေသာလွှင့်ပစ်ထားသည့်ဆိုဒါဘူးတစ်ဘူးအား အမှိုက်ပုံးထဲကန်ထည့်လိုက်သည်။မိမိမှာအံ့အားသင့်သွားရသည်။

  ဘာလဲဟ။ငါကဘောလုံးစွမ်းရည်ကိုလက်ဆောင်ရထားတာများလား။

  "မင်းအခြားဘာပြောစရာရှိသေးလဲ"

  မိမိ၏ရှုပ်ထွေးမှုမှရုန်းမထွက်နိုင်သေးခင် စုယန်မှာဖုန်းထဲမှမေးလာခဲ့သည်။

  မိမိသည်တန့်သွားပြီး အမှိုက်ပုံးဆီစစ်ဆေးရန်ဦးတည်လိုက်သည်။

  "ကျွန်မမှာဘာမှပြောစရာမရှိတော့ပါဘူး"

  "အိုကေလေ။ငါဖုန်းချလိုက်ပြီ"

  ဖုန်းမှာ *ဒူ* ဆိုပြီးကျသွားသည်။

  မိမိသည်ဖုန်းအားစိုက်ကြည့်ကာ အေးစက်စက်ဖြင့် *ဟမ့်*ဟုလုပ်လိုက်ကာ လက်တစ်ဖက်အားအမှိုက်ကန်ပေါ်တင်ပြီး စကားပြောလိုက်သည်။

  "ကိစ္စမရှိဘူး။ကိစ္စမရှိဘူး။သူကဒီအမှုကိုဖြေရှင်းဖို့ပဲ မီဖန်နားကပ်နေတာ။ငါအဆင်ပြေတယ်။ငါအဆင်ပြေတယ်....သေချာပေါက်ကိုငါ့မာနမထိခိုက်ပါဘူး..."

  မိမိသည်ကိုယ့်ဘာသာကိုယ်နှစ်သိမ့်ရင်း နှလုံးသားအားတည်ငြိမ်ပြီးစုစည်းစေရန်လုပ်လိုက်ရသည်။စုယန်ကငါ့ကိုမခေါ်သွားရင် အဲ့တော့...

  နည်းပညာမှာအလွန်အဆင့်မြင့်လာသည်နှင့်အမျှ  မိမိသည်ထိုအရာ၏အကျိုးကျေးဇူးကိုနောက်ဆုံးမှာရယူနိုင်ခဲ့လေသည်။အနည်းငယ်တချက်ချက်လုပ်ရုံဖြင့်ပင် မိမိသည်ကြီးကျယ်သောပွဲအခမ်းအနားတည်နေရာနှင့် ကျင်းပမည့်အချိန်ကိုရှာလို့ရသွားခဲ့သည်။

  ပွဲအခမ်းအနားသည် ဥက္ကဌကျိချန်၏ဟိုတယ်၌ဖြစ်သည်။

  နင်ကငါ့ကိုသွားခွင့်မပြုဘူးပေါ့လေ။ကောင်းပြီ ငါကတော့ဘယ်လိုဖြစ်ဖြစ်သွားမှာပဲ။မိမိသည်တိတ်တဆိတ်စိတ်ကိုပြင်ဆင်လိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now