Ch-68

99 13 0
                                    

၂၅၀၀ကျပ်တည်းနဲ့ဂရုလာဝင်လို့ရနေပြီနော်။

Ch-68  ဟိုတယ်ခန်း

  "အဲ့သလိုကိုး။အငယ်အနှောင်းတွေကငါတို့ရဲ့သဟဇာတဖြစ်နေတဲ့လူ့အသိုင်းအဝိုင်းကိုဖျက်ဆီးကြတာပဲ။က‌ေလးမ စိတ်မပူနဲ့။သူမကိုဖမ်းမိဖို့ငါသေချာပေါက်လုပ်ပေးမယ်"

  ထို့နောက်ဦးလေးကြီးသည် ရုတ်ချည်းပင်ဝူးကနဲမောင်းထွက်တော့သည်။

  မိမိသည်အသင့်မဖြစ်သေး၍ထိုင်ခုံနှင့်နောက်ကျောဆောင့်မိသွားသည်။

  မင်းတို့ကသာဒီကားဆရာကိုပြိုင်ကားမောင်းသူဖြစ်ဖို့သုံးခဲ့တယ်လို့ငါ့ဆီပြောလာခဲ့ရင်ငါမင်းတို့ကိုလုံးဝယုံကြည်နိုင်တယ်။သူသည်ဘယ်ရောညာပါဟွန်းတီးနေခဲ့သည်။သွားသည်မှာငါးစက္ကန့်အကြာတွင် သူသည်ရုတ်ချည်းအရှိန်မြှင့်လိုက်ပြီးမီးပွိုင့်များအားဖြတ်မောင်းသွားလေသည်။သူသည်မီဖန်နောက်ကိုပြောင်ပြောင်တင်းတင်းပင်လိုက်နေခဲ့သည်။သူကရှာတွေ့သွားခဲ့မည်ကိုပင်ကြောက်မနေခဲ့ပေ။

  မိမိမှာကံကောင်းသည်လားဘာလားပင်မသိတော့ပေ။မီဖန်မှာသတိပြုမိပုံမရပေ။နောက်ပြီးတိုက်တိုက်ဆိုင်ဆိုင်ပင် သူမ၏ဦးတည်ရာမှာဟိုတယ်တစ်ခု၌ဖြစ်နေသည်။မှန်တာ‌ေပြာချမ်းသာပါစေ ငါမသိခဲ့ပါဘူး။

  ကားဆရာသည်မိမိအားသနားသလိုကြည့်လာခဲ့သည်။

  "ကလေးမ အရမ်းကြီးစိတ်ဓာတ်ကျမနေပါနဲ့။ဒီကမ္ဘာပေါ်မှာယောင်္ကျားကောင်းတွေရှိနေတုန်းပါပဲ။စွန့်လွှတ်တတ်ဖို့သာသင်ယူလိုက်ပါ"

  မိမိသည်သူ့အားပိုက်ဆံကမ်းပေးရင်း မျက်ရည်ဝဲနေဟန်ဆောင်လိုက်သည်။မိမိသည်သန်မာသောအမျိုးသမီးတစ်ဦးဖြစ်သည်ဟူသည့်ခံစားချက်မျိုးအား ဦးလေးကြီးထံ‌ပေးလိုက်သည်။

  "ဦးလေး ရှင့်ရဲ့နှစ်သိမ့်မှုအတွက်ကျေးဇူးတင်ပါတယ်။ဒီကြင်နာမှုကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး"

  မိမိသည်ဝူရှရုပ်ရှင်များထဲမှသူရဲကောင်းများအလားပြောလိုက်ကာ ကားထဲမှနေဖြောင့်မတ်စွာဆင်းလာလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now