Ch-84

68 7 0
                                    

ပရိုမိုးရှင်းရက်မလွန်ခင်၁၈၀၀ကျပ်တည်းနဲ့ ဂရုလာဝင်ထားကြနော်။

Ch-84  နှာခေါင်းသွေးယိုခြင်း

  ငါကြည့်သင့်လား မကြည့်သင့်ဘူးလား။

  မိမိသည်နားထင်အားလက်ချောင်းဖြင့်ဖွဖွလေးပွတ်သပ်လိုက်သည်။လက်ရှိမိမိမှာအကျင့်စာရိတ္တအသိပေးဆိုင်းဘုတ်၌ရပ်နေရသည်။ဤသည်မှာမိမိ၏အနာဂတ်နှင့်ဆက်နွှယ်နိုင်၍ မိမိမှာထိုသည်အားသေချာဂရုစိုက်တွေးတောရပေမည်။

  မိမိသည်၂၀၀ရာခိုင်နှုန်းသတိအပြည့်ဖြင့်ရေချိုးခန်းတံခါးတွင်ဒူးတစ်ဖက်ထောက်ထိုင်လိုက်သည်။မိမိသည်ရေချိုးရာမှရေမှုန်ရေမွှားလေးများပေါ် အပြည့်အဝအာရုံစိုက်ထားသည်။

  စကားပုံမှာအလွန်မှန်လေသည်။ဘုရားသခင်ကမင်းဆီတံခါးပိတ်ထားခဲ့ရင် မင်းအတွက်အခြားပြတင်းပေါက်ကိုသူကသေချာပေါက်ဖွင့်ပေးထားလိမ့်မယ်။မိမိအလိုရှိသ၍ဘယ်အချိန်မဆို နံရံများအားဖြတ်သွားနိုင်သည့်အချက်မှာ ဘုရားသခင်မှမိမိအတွက်ဖန်တီးပေးထားခဲ့သည့်ပြတင်းပေါက်ဖြစ်သည်။

  ငါအဲ့ဒါကိုအလဟဿမလုပ်သင့်ဘူး။ငါအဲ့ဒါကိုစုယန်ရေချိုးတာ‌ချောင်းကြည့်ဖို့ သုံးလိုက်ရမယ်ဆိုရင်တောင်မှပေါ့.....

  မိမိဆေးရုံတွင်ရှိနေစဉ် စုယန်သည်လည်းမိမိကဲ့သို့တူညီသောလူနာခန်းတွင်သာအိပ်ခဲ့သည်။သူသည်အိပ်ရာတစ်ခုအားမှာခဲ့ပြီး နေ့ရောညပါမိမိဘေးတွင်ရှိနေခဲ့သည်။သူသည်လည်း ဒီမှာပင်ရေချိုး၊သွားတိုက်ပြီး အစာသုံးနပ်အားစားခဲ့သည်။ထိုသည်မှာသူသည်ဤလူနာခန်းထဲ၌ သူ့နေ့ရက်များအားအနားယူကုန်ဆုံးနေသည့်အလားပင်။

  အိုင်းယား။

  ဒါပေမယ့် မိန်းမသားတစ်ယောက်အနေနဲ့ ယောင်္ကျားလေးတစ်ယောက်ရေချိုးတာကိုချောင်းကြည့်တာက အတော်လေးမသင့်လျော်ဘူးလားလို့လေ။တစ်ကယ်တော့လည်း မမှန်ဘူးပဲ။ဘယ်လို‌ေန‌ေနငါသူ့ကို‌ကြည့်နေတာကိုဘယ်သူကမှတွေ့မှာမဟုတ်ဘူးလေ။ငါကဝိညာဉ်တစ်ခုပဲကို။ပြီးတော့ စုယန်ကငါ့ကိုကြိုက်တယ်လို့ဝန်ခံခဲ့ပြီး ခိုးနမ်းခဲ့တာပဲလေ။ငါဒီမှာလက်စားချေတော့မယ်။ဟုတ်ပြီ ဟုတ်ပြီ။ငါတို့ရဲ့လူ့အဖွဲ့အစည်းက သာတူညီမျှဆက်ဆံမှုနဲ့တရားမျှတမှုကိုသဘောကျကြတာပဲလေ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now