Ch-18

395 38 0
                                    

Ch-18  လူသတ်သမားအားလှုံ့ဆော်ခြင်း

  စုယန်သည်မိမိဆင်းသွားနိုင်ရန်ကားအားဆေးရုံဝင်ပေါက်‌ေရှ့၌ရပ်ပေးလာသည်။သူသည်ကားအတွင်းမှနေမိမိအားလှမ်းပြောလာသည်။

  "ငါကားပါကင်နေရာသွားရှာလိုက်ဦးမယ်။ငါ့ကိုအချိန်ခဏပေးပြီးဒီမှာစောင့်နေ"

  "မလိုပါဘူး။ရှင်အိမ်ပြန်သွားလို့ရပါတယ်"

  "မင်းကပုံမှန်မဟုတ်တဲ့လူလို့ငါခံစားနေရတယ်"

  "ဘာလဲ"

  မိမိသည်လက်အားသူ့ကားပေါ်တင်လိုက်ကာ ကျီစယ်လိုက်သည်။

  "ရှင်ကျွန်မကိုစိတ်ပူနေတာလား"

  "ဖီ!အိပ်မက်မက်နေလိုက်လေ။ငါကမင်းကိုစိတ်မပူပါဘူး။မင်းကမင်းစကားတွေကိုပြန်ရုတ်သိမ်းသွားမှာကိုပဲစိတ်ပူတယ်"

  ထို့နောက်သူသည်မိမိမြင်ကွင်းထဲမှပျောက်ကွယ်သွားသည်။

  သူကသူရဲ့ပူပန်မှုကိုဝန်ခံဖို့ငြင်းဆန်နေတဲ့ခေါင်းမာမာဘဲတစ်ကောင်ပါပဲလားနော်။မိမိသည်အေးစက်၍အကြင်နာမဲ့သောစုယန်၌လူသားဆန်သည့်ဘက်ခြမ်းရှိနေမည်ဟုထင်မထားခဲ့ပေ။မိမိသည်ထွက်သွားသောစုယန်အားစောင့်ကြည့်ကာညစ်တစ်တစ်ပြုံးလိုက်သည်။ထို့နောက်မိမိသည်ကောင်းကင်ကြီးအားမော့ကြည့်လိုက်သည်။နောက်ကျ‌ေနပြီပဲ။

  မိမိသည်ဆေးရုံ၏မိန်းဝင်ပေါက်အပြင်၌စောင့်ဆိုင်းနေကြသောသတင်းထောက်အုပ်ကြီးဆီလှည့်လိုက်သည်။

  မိမိသည်သတင်းထောက်တစ်ဦး၏ဘေးသို့ခပ်ဖြေးဖြေးလျှောက်သွားလိုက်ပြီး မိမိအသံအားမြှင့်လိုက်သည်။

  "ရှင်ရဲဝန်ထမ်းထွက်လာတာကိုစောင့်နေတာလား"

  "အင်း"

  သတင်းထောက်သည်မိမိအားလှည့်ပင်ကြည့်မလာခဲ့ပေ။

  "ကျွန်မမှာဖော်ထုတ်ပစ်ဖို့သတင်းတွေရှိတယ်"

  မိမိသည်ရုတ်တရက်ဆန်ဆန်အသံကုန်ဟစ်လိုက်ရာ သတင်းထောက်အားလုံးသည် သူတို့လည်ပင်းများအားသစ်ကုလားအုတ်များကဲ့သို့ဖြင့်မိမိဆီအကြည့်ရောက်လာကြသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now