Ch-25

312 30 0
                                    

Wave pay နဲ့လည်းpaid gpဝင်လို့ရပါပြီလို့လာပြောတာပါ။accကဒီနေ့မှဖွင့်လိုက်တာမလို့ K/wave pay ကြိုက်ရာနဲ့gpလာဝင်မယ်ဆိုရင် ၄၅၀၀ပဲယူပါမယ်လို့။ဒီနေ့တစ်ရက်ပဲနော်။paid gpမှာအပိုင်း၆၉ထိပြီးထားပါပြီလို့။

Ch-25  မိမိ၏တက္ကသိုလ်သို့ဒုတိယအကြိမ်

  "ငါစမ်းသပ်မှုလုပ်နေတယ်လို့ပြောထားပြီးသားပဲလေ။ဘာလို့ဆင်းလာပြီးငါ့ကိုနှောင့်ယှက်နေတာလဲ"

  စုယန်သည်မိမိအားအပြစ်သားတစ်ဦးလိုတုံ့ပြန်နေခဲ့သည်။

"မင်းကအများကြီးအသုံးမဝင်တာကိုငါသိပေမယ့်ဒုက္ခလိုက်မပေးလို့ရမလား"

"ငါကနင့်ကြောင့်အောက်ဆင်းလာတာလေ။အပြင်မှာ မိုးတွေခြိမ်းပြီးလျှပ်စီးတွေပစ်နေတာကို။နင်မိုးကြိုးပစ်ခံရရင်ဘယ်လိုလုပ်မလဲ။ပြောရရင် မိုးကြိုးအပစ်မခံရတောင်မှ မိုးရေထဲအကြာကြီးရပ်လိုက်လို့နင်အအေးမိမှာပဲလေ"

  မိမိသည်မှားယွင်းသလိုခံစားနေရပြီး မိမိ၏ခံစားချက်များမှာ အတွင်းမှနေစတင်ဆူပွက်လာတော့သည်။

ရုတ်ချည်းပင်မိမိပေါက်ကွဲထွက်လာတော့သည်။မိမိသည်စုယန်အား တွန်းထိုးရင်းစူးစူးရှရှအော်ပစ်လိုက်သည်။

"နင်သာသေမတတ်အစိုခံချင်နေလည်း သွားတော့။အခုကစပြီး နင်အပြင်မှာသေ‌ေနရင်‌ေတာင် ငါနင့်ကိုသောက်ဂရုမစိုက်တော့ဘူး"

  ထို့နောက်မိမိသည်ဓာတ်လှေကားတံခါးဆီတန်းတန်းပြေးသွားလိုက်သည်။မိမိသည်တစ်ဦးတည်းအပေါ်တက်ရန်လုပ်လိုက်သည်။

  ဓာတ်လှေကားတံခါးပိတ်နေစဉ်တွင်ပင် လက်မောင်းတစ်ဖက်သည်အတွင်းထဲရောက်လာ၍ ဓာတ်လှေကားတံခါးသည်ပြန်ပွင့်လာသည်။စုယန်သည်မိမိရှေ့တွင်ရပ်နေပြီး မိုးရေစက်များသည်လည်းကြမ်းပြင်ပေါ်ဆက်တိုက်ကျနေသည်။သူသည်မိမိအားစိတ်ဝင်တစားကြည့်နေပြီး ဓာတ်လှေကားထဲဝင်လာကာ ထောင့်တစ်ထောင့်တွင်မှီနေလိုက်သည်။သူသည်ပွစိပွစိပြောမနေတော့ပဲ

  "ငါ့ကိုစောင့်ဦးလေ..."

  မိမိ၏ခန့်ညားလှသည့်ဘော်ဒီဂတ်လေးသည် မိမိတို့နှစ်ဦးလုံးစိုရွှဲနေသည်ကိုမြင်လိုက်သောအခါ သူသည်အလွန်အံ့ဩနေပုံရသည်။ထို့နောက်သူသည်မိမိထံလက်ရမ်းပြလာသော်ငြား မိမိသည်သူ့အားလျစ်လျူရှုကာ တိုက်ခန်းဆီတန်းတန်းလျှောက်သွားလိုက်သည်။မိမိသည်စုယန်အားစိတ်ဆိုးနေဆဲဖြစ်ပြီး ဒေါသအားထိန်းချုပ်ထားရသလိုပြုမူကာ သူရှိမနေသလိုပြုမူလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now