Ch-57

118 7 0
                                    

Ch-57  ရှန်ရှောက်နျူ

  မိမိသည်အကြောင်းပြချက်တစ်ခုမှစဉ်းစားမရနိုင်တော့၍ ကြောင်သူတော်တစ်ဦးသာဆက်လုပ်လိုက်ရတော့သည်။

  "အမ်...ရှင်သွားချင်ရင်သွားလေ။ရှင့်အသားပဲ့ပါသွားမှာမှမဟုတ်တာကို"

  နင်ကငါပြောသမျှကိုထုံးစံအတိုင်းဆန့်ကျင်ဘက်တွေမလုပ်တော့ဘူးလားဟ။ငါ့ကိုတိုက်တော့လေ။ငါ့ကိုဆန့်ကျင်တော့လေ။နင့်ရဲ့အဆိပ်ပြင်းတဲ့လျှာနဲ့ယုတ်မာတဲ့နှလုံးသားကိုသုံးပြီးငါ့ကိုတိုက်ခိုက်လိုက်ပါတော့လို့။မြန်မြန်!!!

  "ကောင်းပြီလေ။ငါသွားမယ်"

  စုယန်သည်လက်ခုပ်တီးရင်းဆုံးဖြတ်ချက်ချလိုက်သည်။

  "ကျေးဇူးပါပဲ အရှင်ဘုရားရေ။နောက်ဆုံးတော့ငါကငါ့ရဲ့တာဝန်ကိုပြီးဆုံးသွားခဲ့ပြီလေ။ကျေးဇူးပဲနော် ယိရှင်း"

  ရှန်ရှောက်ချင်သည် သူ၏ကျေးဇူးတင်မှုအားပြသရန် မိမိလက်အားဆွဲလိုက်သည်။

  စုယန်၏အသံအားကြားသော် မိမိသည်လေလျော့နေသောဘောလုံးတစ်လုံးအလားခံစားလိုက်ရသည်။မိမိသည်စိတ်ပျက်အားငယ်စွာဖြင့်ဆိုဖာပေါ်ထိုင်ချလိုက်သည်။မိမိသည်ခါးသက်စွာပြုံးလိုက်ပြီး ရှန်ရှောက်ချင်၏ချောမောလှသည့်မျက်နှာကိုအကြိမ်ပေါင်းများစွာထိုးပစ်ချင်နေခဲ့သည်။

  နင့်ကိုကယ်လိုက်တဲ့ဆိုရှယ်လစ်စနစ်ကို‌ေကျးဇူးတင်လိုက်နော်။အခုကစပြီး ကြင်ကြင်နာနာနေတော့။(E tran note-ငါနားမလည်ဘူး......)

  ဟမ့်!

  မိမိမှာအလွန်ဝမ်းနည်းနေမိသည်။ယခုတော့ 'သိချင်စိတ်ကကြောင်ကိုသေစေတယ်' ဆိုတဲ့အဆိုကို နောက်ဆုံးမှာငါကြုံလိုက်ရပြီလေ။

  ယနေ့သည်မိမိဘဝရှိစိတ်ဓာတ်ကျနေသောနေ့များထဲမှတစ်ရက်ဖြစ်သည်။မနက်ခင်းတွင် မိမိသည်စုယန်မှသူ၏ဘလိုင်းဒိတ်အတွက်အဆင်သင့်ဖြစ်နေသည်ကိုစောင့်ကြည့်နေခဲ့သည်။

  ငါတို့တွေဒိတ်အတုသွားလုပ်ကြတုန်းကဆို သူက‌ေကာင်း‌ေကာင်းမွန်မွန်ဝတ်စားဖို့တောင်မလုပ်ခဲ့ဘူးလေ။ဟမ့်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now