Ch-67

111 12 0
                                    

Ch-67  ငါးပြတိုက်

  ရုတ်ချည်းဆိုသလိုစုယန်သည်အမျိုးသမီးတစ်ဦးပုံစံဟန်လုပ်လိုက်ကာ သူ၏လက်မနှင့်လက်ခလယ်အားကွေးထိထားလိုက်သည်။(T/N-တရုတ်နန်းတွင်းကားတို့ဘာတို့မှာပါတတ်တဲ့လက်ဟန်မျိုးပြောတာပါ။သစ်ခွပန်းပုံလက်ဟန်လို့လားမသိဘူးခေါ်တယ်လေ)သူ၏မျက်နှာထက်တွင်လည်းသနားစရာကောင်းသောအမူအယာရှိနေသည်။

  ဒီလိုယုံကြည်ချက်တွေအကုန်လုံးကိုသူဘယ်ကနေရလာတာလဲ။ပြီးတော့ဝံပုလွေလိုနဲ့ကျားလိုမိန်းမဆိုတာဘယ်သူလဲ ဟမ်။

  ခက်ခက်ခဲခဲဖြင့် မိမိသည်စိတ်ပျက်အားငယ်မှုများကိုဖိနှိပ်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ထို့နောက်မိမိသည်ဖြည်းညင်းစွာစတင်၍

  "ကျွန်မကိုရှင်းပြခွင့်ပေးပါဦး။အဲ့ဒါကရှင်ထင်နေသလိုမဟုတ်ပါဘူး..."

  "ရွှေငါးလေး။ငါအခုတစ်ကယ်ကိုလေးလေးနက်နက်ပြောနေတာနော်။ငါပြောတာကိုနားထောင်စမ်းပါ"

  ရုတ်တရက်ပင် စုယန်၏သဘောထားသည်၁၈၀ဒီဂရီပြောင်းသွားခဲ့သည်။မိမိမှာအနည်းငယ်စိုးရိမ်နေမိသည်။အဲ့ဒါကဟာသတစ်ခုပဲကိုသူကတစ်ကယ်ကြီးရူးမသွားလောက်ပါဘူး ဟုတ်တယ်မလား။

  "ဘော့စ်။ရှင်သာကျွန်မရဲ့နာမည်အရင်းကိုသုံးခဲ့မယ်ဆိုရင် ကျွန်မရှင့်ကိုပိုပြီးအလအနက်ထားပေးနိုင်လောက်တယ်"

  မိမိသည်အကြံပြုခဲ့သည်။

  "ကိစ္စမရှိအကြောင်းအရင်းမရှိဘဲ မင်းကတစ်နေလုံးပျောက်နေပြီး မင်း‌ေဘာ့စ်နဲ့ပ‌ေရာပရည်လုပ်‌ေနတာကိုစဉ်းစားကြည့်ရရင် .....အရေးအကြီးဆုံးကမင်းရဲ့ဘော့စ်ကိုပရောပရည်လုပ်နေတာ!!....ဒီအပြုအမူအတွက်တစ်ခုတည်းသောရှင်းလင်းချက်ကတော့ငါကမင်းအပေါ်သက်ညှာပေးခဲ့လွန်းလို့ပဲ။ဒါကြောင့်မင်းကိုမစ်ရှင်တစ်ခုတာဝန်ပေးဖို့ဆိုတာငါ့တာဝန်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီ။ဒါဆိုရင်မင်းလည်းတစ်ချိန်လုံးအားလပ်မနေတော့ဘူးပေါ့လေ။ပြီးတော့မင်းကအသုံးဝင်တဲ့လူသားတစ်ယောက်ဖြစ်လာနိုင်ပါတယ်..."

  မိမိသည်စုယန်အားဗလာသက်သက်စိုက်ကြည့်လိုက်သည်။

  "တောင်းပန်ပါတယ် ဘော့စ်။ရှင်ပြောတာတွေကအရမ်းများလွန်းတော့ကျွန်မရှင့်ရဲ့ဆိုလိုရင်းကိုနားမလည်တော့ဘူး..."

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Tahanan ng mga kuwento. Tumuklas ngayon