Ch-12

455 53 0
                                    

Ch-12 မင်းလူသတ်ခဲ့တာလား

ထိုသည်မှာအကြံကောင်းတစ်ခုဟုတ်မ‌ေန၍ မိမိသည်ဒုတိယအကြိမ်တုံ့ဆိုင်းသွားရသည်။ပြောရလျှင်တော့သူမ၏မိဘများမှာအခုချိန်တွင်မိမိအားမုန်းတီးရွံရှာနေသင့်သော်ငြားသူမအမူအယာလုပ်ပြ၍အလိုရှိနေသမျှမိမိလုပ်ရပေမည်။မိမိသည်ရှီယု၏မိခင်ထံသွားကာငုံ့ကိုင်း၍သူမမျက်နှာ‌ေပါ်ရှိမျက်ရည်များအား‌ေပါ့‌ေပါ့ပါးပါးကူသုတ်ပေးလိုက်သည်။

"အန်တီမငိုပါနဲ့တော့နော်။ရှင့်ရဲ့သမီးကအဆင်ပြေမှာပါ"

မိမိသည်နူးညံ့စွာဖြင့်တီးတိုးပြောလိုက်သည်။ထိုအရာမှာလိမ်ညာမှုတစ်ခုဖြစ်နေသော်ငြား စိတ်ဆင်းရဲနေသောသူမမိခင်အားနှစ်သိမ့်ပေးနိုင်သရွေ့မိမိလုပ်လိမ့်မည်ဖြစ်သည်။

ရဲမေ၏မိခင်မှာသူမခေါင်းအားမော့ကာမိမိအားကြည့်လာသည်။သူမ၏မျက်လုံးများမှာလည်းထပ်ထွက်လာ‌ေသာမျက်ရည်များဖြင့်ပြည့်လျှံနေသည်။အချိန်ခဏကြာအောင်မိမိအားစိုက်ကြည့်နေပြီးမှသူမသည်မိမိလက်အားတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လာကာ ပင့်သက်ရှိုက်ရင်းပွေ့ဖက်လာခဲ့သည်။

သူမသည်မိမိလက်မောင်းများကြားငို‌ကြွေးနေရင်းငိုရှိုက်သံမှာကျယ်လောင်သထက်ကျယ်လောင်လာသည်။

သူမသည်မိမိအားနာကြည်းမနေသော်ငြား သူမမျက်ရည်စများမှတစ်ဆင့် မိမိမှာမငြင်းဆိုနိုင်‌သောတာဝန်ဝတ္တရားတစ်ခုလိုခံစားနေရသည်။

ခွဲစိတ်ဆရာဝန်ထွက်လာချိန်မှာတော့လူတိုင်းမှာသူ့နားဝန်းရံလိုက်ကြသည်။

ထိုသည်မှာမိမိနှလုံးအားတစ်ခုခုဖြင့်ပိတ်ဆို့လိုက်သလိုပါပင်။မိမိသည်ခွဲစိတ်ဆရာဝန်မှသတင်းဆိုးအားကြေငြာရန်အတွက်စောင့်ဆိုင်းခဲ့ရသောကြောင့်ကျန်နေခဲ့တော့သည်။

"အခုတော့လူနာ့အသက်ကိုကယ်လိုက်နိုင်တယ်။ဒါပေမယ့်သူမကသတိရမလာသေးဘူး"

"သူမအသက်ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးပါဆရာရယ်။ကျွန်မတို့သမီးလေးဘယ်အချိန်လောက်နိုးလာမလဲဟင်"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Waar verhalen tot leven komen. Ontdek het nu