Ch-81

97 5 0
                                    

Ch-81  သူ့အတွက် ငါအသက်ရှင်မယ်။သူ့အတွက် ငါသေဆုံးမယ်။

  ဒါရိုက်တာရွေ့သည်သူနှင့်မျက်နှာချင်းဆိုင်ရန် မိမိ‌ေခါင်းကို‌ေစာင်းလိုက်ပြီး မေး‌ေစ့အားပင့်လိုက်သည်။

  မိမိမှကြောက်ပြလေလေ မိမိအနေအထားမှာဆိုးကျိုးများလေလေဖြစ်မှန်း မိမိသိထားပါသည်။သို့‌ေသာ်ငြားမိမိခြေထောက်များမှာ ကူကယ်ရာမဲ့စွာတုန်ယင်နေပြီး မိမိနှုတ်ခမ်းများမှာခြောက်သွေ့လာသည်။မိမိအလိုရှိခဲ့လျှင်တောင်မှ ထိုအရာအားဖုံးကွယ်ထား၍မရခဲ့ပေ။

  ဒါရိုက်တာရွေ့သည် သူ၏ခေါင်းအားဖြည်းဖြည်းချင်းငုံ့ချလာသည်။သူသည်မိမိတို့ကြားရှိအကွာအဝေးအားလျှော့ချလိုက်ပြီး သူ၏အသက်ရှူသံမှာလည်း မိမိနှင့်နီးကပ်လာသည်။

  *ဖြောင်း*

  အချိန်မှာရပ်တန့်သွားပုံရသည်။

  တစ်နည်းနည်းဖြင့်မိမိသည်ဒါရိုက်တာရွေ့၏မျက်နှာအား တစ်ကယ်ကြီးဖြတ်ရိုက်ရန် သတ္တိလုံလုံလောက်လောက်ရှိလာခဲ့သည်။

  ရိုက်ချက်သည်သူ့အားလည်းအံ့အားသင့်သွားစေသည်။

  သူမှအံ့အားသင့်နေစဉ်တွင် မိမိမှာခေါင်းငုံ့ပြီးပြေးတော့သည်။

  သို့သော်မိမိဥယျာဉ်ထဲမှထွက်မသွားနိုင်သေးခင်တွင် ရုတ်ချည်းအနက်ရောင်ဝတ်လူနှစ်ယောက်မှာ ခြုံပုတ်တစ်ခုမှခုန်ထွက်လာကြပြီး မိမိလမ်းအားပိတ်ထားခဲ့သည်။

  "မင်းကဘယ်သွားဖို့တွေးနေတာလဲ"

  ဒါရိုက်တာရွေ့သည်သူ၏မျက်နှာအားကိုင်ထားရင်း မိမိထံရက်စက်ကြမ်းကြုတ်စွာလျှောက်လာခဲ့သည်။

  ကောင်းရော။ဒီတစ်ခါတော့ သူတစ်ကယ်ဒေါသထွက်သွားပြီ...

  "သူမကိုခေါ်သွား"

  သူသည်အနက်ဝတ်လူနှစ်ဦးအားအမိန့်ပေးခဲ့သည်။ထိုသည်မှာမိမိသတိမလစ်ခင်နောက်ဆုံးကြားခဲ့ရသည့်စာကြောင်းဖြစ်သည်။

  - - - - - - - -

   ငါ့အောက်မှာရှိနေတဲ့ဟာကဘာဖြစ်ဖြစ် နူးညံ့နေတာပဲ။ငါသေသွားပြီလား။ငါကောင်းကင်ဘုံ‌မှာလား။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now