Ch-60

187 17 0
                                    

Ch-60 လုကျိန့်ရန်

  သို့သော်ကော်ဖီဆိုင်ပတ်လည်တွင်စုရုံးစုရုံးလုပ်‌နေကြသောအခါတွင်တော့ တစ်ခုခုမှာတစ်ကယ်ကြီးဖြစ်ခဲ့ကြောင်းကိုမိမိသိလိုက်သည်။မိမိစိတ်ထဲ‌ေပါ်လာသည့်ပထမဆုံးအရာမှာ မိမိအားတိုက်သွားသည့်ဆယ်ကျော်သက်လေးနှင့်ပတ်သက်လိမ့်မည်ဟူ၍ပင်။

  ထို့ကြောင့်မိမိလည်းကော်ဖီဆိုင်ဆီပြေးသွားခဲ့သည်။မိမိရောက်သွားချိန်တွင် မတော်တဆမှုမှာပြီးသွားနှင့်ပြီဖြစ်သည်။

  ကော်ဖီဆိုင်မှာလုံးဝရှုပ်ပွနေခဲ့သည်။စုယန်သည်ဆယ်‌ေကျာ်သက်‌ေလးလက်အား‌ေနာက်‌ေကျာ၌လိမ်ချုပ်ထားစဥ်တွင် စားသုံးသူအားလုံးမှာထောင့်၌စုဝေးနေကြသည်။မြင်ကွင်းမှာပျာယာခတ်‌ေနကြပြီးရှုပ်‌ေထွး‌ေနစဥ် ရှန်ရှောက်နျူသည်စုယန်ဘေးတွင်စိုးရိမ်တကြီးဒူးထောက်‌ေနသည်။

  မီဖန်အဖို့တော့ သူမသည်အတော်လေးလုံခြုံသည့်နေရာတစ်ခု၌ရပ်နေခဲ့သည်။သို့သော်ငြား သူမမျက်နှာသည်ဖြူဖွေးနေပြီးသူမရင်ဘတ်‌ေပါ်ထိန်းကိုင်ထားသည်။ထိုသည်မှာသူမသည်ထိတ်လန့်မှုကြုံခဲ့ရပြီး ခုထိကောင်းကောင်းမသက်သာသေးပုံရသည်။

  မိမိမျက်လုံးများသည် တစီစီမြည်သံဘက်လှည့်ကြည့်လိုက်ရာ ဝိုင်ပုလင်းမှာပလုံစီနေသည်။ပုလင်းမှာကွဲကြေနေခဲ့သည်။မိမိအမြင်သာမှန်ခဲ့ပါလျှင် ထိုသည်မှာအရက်မဟုတ်ပေ- ဒါပေမယ့်ဆာလဖျူရစ်အက်စစ်။

  ပြီးတော့သူ့ရဲ့ရည်ရွယ်ထားတဲ့ပစ်မှတ်ကမီဖန်ပေါ့။
 
  သူမအ‌ေပါ်ဆာလဖျူရစ်အက်စစ်ပက်ချင်လောက်သည်အထိ သင်သည်တစ်စုံတစ်ယောက်အားမည်မျှနက်နက်ရှိုင်းရှိုင်းမုန်းတီးရပါမည်နည်း။

  ရှန်ရှောက်နျူ၏အမူအယာပေါ်အခြေခံရလျှင် သူမသည်ဆယ်ကျော်သက်လေးမှဤကဲ့သို့အရာမျိုးလုပ်ချလိုက်မည်ဟု သိထားပုံမရပေ။

  "ဧည့်သည်ရှင့်။ကျွန်မတို့ရဲခေါ်ထားပါပြီ။ဒါကရည်ရွယ်ချက်ရှိရှိကိုယ်ထိလက်ရောက်ကျူးလွန်မှုတစ်ခုလို့သတ်မှတ်လို့ရပါတယ်။ဧည့်သည်ရှင့်။ရှင်တစ်နေရာရာမှာထိခိုက်သွားသေးလားရှင့်"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now