Ch-10

477 50 0
                                    

Ch-10 ဒါကငါလူသတ်တာပထမဆုံးအကြိမ်မဟုတ်ဘူး

  အခက်အခဲကြီးနှင့်အတူမိမိမှာလမ်းကြောင်းတစ်လျှောက်စမ်းတဝါးဝါးမြင်နိုင်ရန်ဖုန်းထဲရှိflashမီးအားအသုံးပြုလိုက်သည်။အချိန်နှင့်အမျှလေထဲတွင်ချဉ်စုတ်စုတ်အနံ့အားရနေသည်။လူတွေမှသူတို့အမှိုက်များအားဤနေရာတွင်ကြုံသလိုလွှင့်ပစ်ထားကြသည်ဟုတွေးမိသည်။

  ဆိုးဝါးသောအနံ့များကြားမှမိမိခရီးမှာတစ်တက်ကျိုးလာခဲ့သည်။တွေးဆကြည့်လျှင်ထိုအရာသည်မိမိအားအသက်ရှူကြပ်စေပြီးလမ်းကြားတွင်းဆက်လျှောက်ရန်တွန်းအားတွန်းအားပေးခဲ့သည်။မိမိသည်တတ်နိုင်သမျှမြန်မြန်ဤနေရာမှဖြတ်သွားချင်ခဲ့သည်။

  လမ်းကြား၏သုံးပုံနှစ်ပုံလောက်ဖြတ်လာခဲ့ပြီးသော် မိမိသည်မိမိနောက်ဘက်မှနေဆူညံသံ‌‌ေသးသေးလေးအားတစ်စွန်းတစ်စကြားလိုက်ရသည်။ထိုအရာသည်ခြေလှမ်းသံနှင့်တူသော်ငြားသူတို့မှာခြေလှမ်းသံများထက်ပေါ့ပါးနေသည်။ထိုသည်မှာကြွက်များမှအမှိုက်ဖွနေခြင်းများလား။မိမိသည်ရုတ်ချည်းလှည့်လိုက်သော်ငြားအမှောင်အတိပြီးသောအမှောင်ထုဖြင့်သာ မျက်နှာချင်းဆိုင်လိုက်ရသည်။မိမိသည်ဘာတစ်ခုမှမြင်နိုင်စွမ်းမရှိ‌‌ေတာ့ပါပေ။

  မိမိမှာဖုန်းရှိဖလက်မီးအားဝှေ့ယမ်းလိုက်သော်ငြားထိုနေရာတွင်ဘာမှရှိမနေပေ။သို့သော်ငြားမိမိနှလုံးသားမှာပူပန်နေဆဲပင်။ကြက်သီးများမှာမိမိလက်မောင်းမှတစ်ဆင့်ခန္ဓာကိုယ်တစ်ခုလုံးအားပျံ့နှံ့သွားပြီးနောက်ကျောမှာလည်းမရပ်တန့်နိုင်‌ေအာင်တုန်လှုပ်နေသည်။

  မိမိသည်အရှိန်မြှင့်လိုက်ပြီးအာရုံခံအင်္ဂါများအားလုံးကိုစုစည်းလိုက်သည်။မိမိမှခြေလှမ်းမျအားအရှိန်မြှင့်လိုက်သည်နှင့်မိမိနောက်ရှိအသံမှာလည်းကျယ်လောင်လာခဲ့ကြောင်းကိုသတိပြုမိလိုက်သည်။သို့သော်မိမိမှနှေးချလိုက်လျှင်တော့ အသံများမှာလည်းတိုးလျသွားရသည်။ငါ့နောက်ကိုတစ်ယောက်ယောက်တစ်ကယ်လိုက်လာနေတာလား။

  ဤအချိန်တွင်ဦးလေးကြီးများနှင့်အန်တီကြီးများ၏စကားများမှာမိမိစိတ်ထဲတွင်ရုတ်တရက်ဆိုသလိုပေါ်လာတော့သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Där berättelser lever. Upptäck nu