Ch-19

431 51 0
                                    

Gpမှာအပိုင်း၃၀ရောက်နေပြီနော်။ဇာတ်လမ်းကတစ်ဖြည်းဖြည်းအရှိန်ယူနေပြီ။paid gpဝင်မယ်ဆို စာလေးပို့လိုက်နော်။

Ch-19  လူသတ်သမားအားဖမ်းဆီးခြင်း

  နောက်နေ့မနက်တွင် မိမိအိပ်ရာထသည်နှင့်ဦးဆုံးလုပ်သည့်အရာမှာ ဖုန်းအားယူ၍ဝဘ်ပေ့ခ်ျအားဖွင့်လိုက်သည်သာဖြစ်သည်။သေချာသလောက်ပါပင် ဝဘ်ပေ့ခ်ျများ၊သတင်းများ၊သတင်းစာများနှင့်မဂ္ဂဇင်းများအားလုံးတွင် စိတ္တဇလူသတ်သမားမှာသူတို့၏ခေါင်းစီးဖြစ်နေသည်။ထပ်ပြောရလျှင် သတင်းထောက်များသည် မိမိ၏အင်တာဗျူးအားအတူတကွစုစည်းကာ တစ်လုံးပြီးတစ်လုံးမှတ်တမ်းချရေးထားကြသည်။ထိုသည်မှာ မိမိမှသည်းမခံနိုင်‌ေလာက်အောင်ထိစက်ဆုပ်စရာကောင်းလှသည်။

    မိမိပြောခဲ့သမျှတိုင်းသည် လှုံ့ဆော်မှုနှင့်တကွပေါက်ကြားနေလေသည်။ဤသည်မှာမိမိရည်ရွယ်ခဲ့သောသက်ရောက်မှုမျိုးဖြစ်သည်။

  မိမိမှသတင်းများအားကြည့်နေစဉ်တွင် ခဏအကြာ၌ ရှီယု၏လုပ်ဖော်ကိုင်ဖက်မှာမိမိဆီဆက်သွယ်လာခဲ့ပြီး မည်သည်များဖြစ်ပျက်‌ေနသည်ကိုမေးလေတော့သည်။မိမိသည်ထိုသည်မှာ မိမိမှလျှောက်ပြောရုံသာဖြစ်ပြီးဘာမှမဟုတ်ပါဟုသူ့အားပြောလိုက်သည်။မလွှဲသာပါပဲ သူသည်မိမိအားဆူပူကာသင်ကြားပို့ချတော့သည်။

  ထို့နောက်တွင်တော့ မိမိသည်ဘာမှမဖြစ်ဟန်ဆောင်ကာ စာချုပ်တွင်ဖော်ပြထားသည့်အတိုင်းစုယန်အတွက်မနက်စာအားပြင်ဆင်လိုက်သည်။

  စုယန်အိမ်ပြန်ရောက်ချိန်တွင်တော့ သူသည်ထိတ်လန့်သွားသည်။သူသည်ဝင်ပေါက်၌မြဲမြံစွာရပ်နေပြီး

  "မင်းချက်ထားတာလား"

  "တစ်နေ့ရဲ့အစာသုံးနပ်ကိုကျွန်မကတာဝန်ယူရမယ်လို့စာချုပ်မှာပြောမထားဘူးလား"

  မိမိသည်စုယန်နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။

  "ရှင်ဒီနေ့အလုပ်များလား"

  စုယန်သည်ထိုင်ချလိုက်ပြီးစားသောက်တော့သည်။

  "ငါအဲ့ဒါကိုသိနေတယ်လေ။တစ်ယောက်ကတော့ ဆိုးဝါးတဲ့ရည်ရွယ်ချက်တွေဖုံးကွယ်ထားတာကို လက်သင့်မခံဘူးနော်"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now