Ch-79

50 5 0
                                    

Ch-79  စုယန်စိုးရိမ်နေတယ်

  သေချာသည်မှာ မိမိသည်သူမထံလျှောက်လာသည်မှာအကြောင်းအရင်းတစ်ခုရှိနေ၍ဆိုသည်ကို မော့ရှောင်းထျန်ကမသိခဲ့ပေ။သူမသည် သူမခင်ပွန်းနှင့်စကားဆက်ပြောနေစဉ် မိမိမှာသူမ၏ဝိုင်ခွက်အားရှန်ပိန်နှင့်လာလဲပေးသည့်ဝန်ထမ်းတစ်ဦးဟုယူဆ၍ ရိုးရိုးသားသားပြုံးပြလိုက်သည်။

  "လုဝမ်ရွှယ်ရဲ့ကျောင်းသူ..."

  မိမိသည်သူမနားထဲတိုးတိုးလေးပြောလိုက်သည်။ထို့နောက်မိမိသည်ဘာမှမဖြစ်သလိုပြုမူကာ ပြေးသွားတော့သည်။

  သူမမှာထိတ်လန့်သောအမူအယာအားဖော်ပြလာပြီး ထိုသည်မှာမိမိ၏အထောက်အထားကိုအခြားမေးခွန်းထုတ်စရာရှိလာမည်အားစိုးထိတ်‌ခဲ့ရသည်။ထို့ကြောင့်မိမိသည်အနား၌မည်သူမှမရှိသည့်နေရာတစ်ခုထံလျင်လျင်မြန်မြန်ဦးတည်ခဲ့သည်။သူမသာမိမိအားနောက်မှလိုက်ဖမ်းခဲ့ပါက မိမိတို့တစ်ဦးနှင့်တစ်ဦးစကားပြောနိုင်ပြီဖြစ်သည်။

  မိမိသည်အမျိူးသမီးသန့်စင်ခန်းဆီဦးတည်လိုက်သည်။

  ထင်ထားသလိုပင် ခေတ္တအကြာ၌မော့ရှောင်းထျန်လည်းမိမိနှင့်ဆက်သွယ်လာခဲ့သည်။

  "မင်းကဘယ်သူလဲ"

  ဤနေရာမှာတွေ့ဆုံဖို့ရန်နေရာကောင်းတစ်ခုမဟုတ်ကြောင်း သေချာပါပေမယ့်အနည်းဆုံးတော့မိမိတို့သာရှိလေသည်လေ။မိမိသည်မော့ရှောင်းထျန်၏မေးခွန်းကိုချက်ချင်းပြန်မဖြေခဲ့ပေ။မိမိမှပါးစပ်မဖွင့်ခင် သန့်စင်ခန်းအကန့်ခန်းများထဲတွင်မည်သူမှရှိမနေကြောင်းသိရရန်သေချာစစ်ဆေးလိုက်သည်။

  "ဟိုင်း။ကျွန်မနာမည်ကလင်းယိရှင်းပါ"

  "မင်းဆရာလုကိုသိလား။မင်းနဲ့ဆရာလုရဲ့ပတ်သက်မှုကဘာလဲ။ပြီးတော့တို့ဆီစကားလာပြောတဲ့အကြောင်းရင်းကရောဘာလဲ"

  မော့ရှောင်းထျန်သည်မိမိအားအေးစက်စွာမေးခွန်းထုတ်လိုက်သည်။သူမမှာသတိထားနေပုံရသည်။

  "ကျွန်မရှင်းပြပါ့မယ်။ကျွန်မရှင့်အကူအညီလိုတယ်။ရှင်ကျွန်မကိုယုံဖို့အတွက် ကျွန်မရှင့်မေးခွန်းတွေအကုန်လုံးကိုတစ်ခုချင်းစီဖြေဖို့ဆန္ဒရှိပါတယ်။ပထမဆုံးအနေနဲ့ ကျွန်မလုဝမ်ရွှယ်ကိုသိပြီးတော့ သူ့‌အနေအထားက အများထင်သလိုရိုးရှင်းမနေဘူးဆိုတာကိုလည်း ကျွန်မသိတယ်။ရှင်သာကျွန်မကိုလက်ခံဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်မကပိုပြီးအ‌ေသးစိတ်ကျတဲ့အချက်အလက်တွေနဲ့ဆက်ပြောပါ့မယ်။ဒုတိယအနေနဲ့ ကျွန်မကလုကျိန့်ရန်ကိုကူညီပေးချင်တဲ့လူတစ်ဦးပါ။ကျွန်မမှာလုဝမ်ရွှယ်နဲ့ပတ်သက်မှုများများမရှိပါဘူး။အမှုဖြစ်ကတည်းက သူ့ကျောင်းသားအများစုဟာသူ့ကျောင်းသားဖြစ်ပါတယ်ဆိုတာကိုဖုံးကွယ်ဖို့ကြိုးစားကြတယ်ဆိုတာကို ကျွန်မသိတယ်။ဒါပေမယ့်ရှင်အဲ့ဒါကိုငြင်းနေရင်တောင်မှ ရှင်ကသူ့ကျောင်းသူဆိုတာကအမှန်ပဲလေ။တစ်နေ့မှာသူ့ကျောင်းသားဖြစ်ရတာက ဂုဏ်ယူစရာကောင်းတဲ့အရာတစ်ခုဆိုတာကိုရှင်သိလာရလိမ့်မယ်။နောက်ဆုံးအနေနဲ့ ကျွန်မရှင့်ဆီဘာလို့ချဉ်းကပ်လာရတာလဲဆိုတော့ လှုမှုအဖွဲ့အစည်းထဲကရှင့်ရဲ့နာမည်နဲ့စွမ်းအားကို ကျွန်မငှားချင်လို့ပဲ"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Waar verhalen tot leven komen. Ontdek het nu