Ch-26

288 28 0
                                    

Paid မှာအပိုင်း၇၂ထိတင်ထားပြီးပါပြီနော်။

Ch-26  စုယန်ကငါ့ရဲ့ပရော်ဖက်ဆာဖြစ်လာမှာပေါ့လေ

  သရဲမလေးသည်လည်းမိမိအားကြည့်လာသည်။သူတို့နှစ်ဦးသားသည်ရုပ်ချင်းဆင်နေကြသော်ငြား တစ်ဦးသည်ရွှင်ပျ၍ နောက်တစ်ဦးမှာ တည်တံ့လေသည်။

  မိမိမှာအနည်းငယ်မျှတော့ ထိတ်လန့်လာမိသည်။ငါကသရဲကိုစကားပြောခဲ့တယ်....ဒါဆိုငါကသူမကိုမြင်နိုင်မှန်းသူမသိသွားရောပေါ့။

  "ဒါကဖိတ်စာကဒ်။ဒီနေ့ည၇နာရီ။လာဖြစ်အောင်လာနော်"

  သူမသည်ဖောင်တိန်တစ်ချောင်းအားယူလိုက်ကာ မိမိလက်ဖဝါးအားဆွဲလိုက်၍ ဖုန်းနံပါတ်တစ်ခုအားရေးလိုက်သည်။

  "နင့်မှာကိစ္စတစ်ခုခုရှိရင် ငါ့ကိုဖုန်းခေါ်လိုက်"

  "အိုး ကျေးဇူးပဲနော်"

  မိမိသည်သူမထံမှာဖိတ်စာကဒ်အားယူလိုက်ကာ ထိုကောင်မလေးထွက်သွားသည်ကိုကြည့်နေလိုက်သည်။

  သရဲတစ်ကောင်ကသက်ရှိလူတစ်ယောက်နဲ့တစ်ပုံစံတည်းတူနေတာက ဖြစ်နိုင်လို့လား။ဒါမှမဟုတ် အပြန်အလှန်‌ေပြာင်းတာများလား။ဆိုရိုးတွေအတိုင်း   "မင်းသာအသက်ရှည်ရှည်နေရရင် အရာရာတိုင်းကိုမြင်တွေ့နိုင်တယ်" တဲ့လေ။

  ကောင်မလေးထွက်သွားသည်နှင့် သရဲမလေးသည်လည်းသူမနောက်မှကပ်လိုက်သွားသည်။

  ဒီမှာတော့တစ်ခုခုမှားနေပါပြီ.....ဒါပေမယ့်အဲ့ဒါကငါ့ကိစ္စမှမဟုတ်တာ။ငြိမ်းချမ်းတဲ့ဘဝတစ်ခုမှာနေရဖို့ ငါသရဲ‌ေတွနဲ့ဝေးဝေးနေသင့်တယ်။

  မိမိသည်ဖုန်းအားယူကာ စုယန်ထံခေါ်ဆိုလိုက်သည်။သူမှမိမိအားနောက်ထပ်ဘာလုပ်စေချင်သည်ကိုသိချင်လေသည်။

  ငါအကြိမ်ကြိမ်ခေါ်နေပေမယ့် ဘယ်သူမှလည်းမကိုင်ကြဘူး။ဧကန္တသူငါ့ကိုတမင်ရှောင်နေတာများလား။

  မိမိမှစာသင်ဆောင်၏ ၂ထပ်မြောက်ဆီရောက်သွားသည့်အခါ တစ်ယောက်ယောက်အားဝိုင်းကြည့်နေကြသည့်လူအုပ်ကြီးတစ်ခုအားသတိပြုမိလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now