Ch-76

68 8 0
                                    

Paid မှာအစအဆုံးပြီးသွားပါပြီ။

Ch-76  ရှန်ရှောက်ချင်မှာစရိုက်အစုံရှိတယ်

  "အချစ်လေးမင်းသာမတက်ရင် ကိုယ်လည်းသွားဖို့ကို ငြင်းရလိမ့်မယ်။ကိုယ်ဒီလိုမျိုးအမြဲတမ်းမင်းနောက်ပဲလိုက်နေတော့မှာ"

  ရုတ်တရက်ဆိုသလို ရှန်ရှောက်ချင်သည်ရူးသွပ်သွားကာ ပေါက်တတ်ကရစကားများစတင်ပြောဆိုတော့သည်။

  "မင်းဘာလို့ကိုယ်နဲ့လမ်းခွဲချင်ရတာလဲ။အဲ့ဒါကကိုယ့်ထက်ပိုထူးချွန်တဲ့လူနဲ့တွေ့လိုက်ရလို့လား။ကားပေါ်တက်ပြီး ကိုယ့်ကိုအမှန်အတိုင်းပြောပြပါကွာ။အဲ့လိုမှမဟုတ်ရင် ကိုယ်လည်းလက်လျှော့မှာမဟုတ်ဘူး။အဲ့လူကမင်းကိုဘယ်လောက်ထောက်ပံ့ပေးနိုင်လဲ ကိုယ့်ကိုပြောလိုက်။ကိုယ်လည်းမင်းကိုပေးနိုင်ပါတယ်..."
    သူ.ဘာ.သောက်.စ.ကား.တွေ.လာ.ပြော.နေ.တာ.လဲ.ဟ။

  မိမိမှာပတ်လည်ရှိ လူတိုင်း၏လောင်မြိုက်နေသောအကြည့်များအား ခံစားလိုက်ရ၍ အဆက်မပြတ်ခေါင်းယမ်းကာ လေထဲတွင်လက်များအားယမ်းခါပြလိုက်သည်။

  "မဟုတ်ဘူးနော်... ကျွန်မ...သူကရူးနေတာ..."

  မိမိမှမည်မျှရှင်းပြနေစေကာမူ အကြောင်းအရင်းများစွာရှိနေပုံပေါ်နေသည်။အခြေအနေပိုဆိုးမလာခင်တွင် မိမိထွက်သွားရပေမည်။ထို့ကြောင့်မိမိသည်‌နက်နက်ရှိုင်းရှိုင်းသက်ပြင်းချလိုက်သည်။မိမိသည်မျက်နှာအားဖုံးကာ ခေါင်းငုံ့ရင်းရှန်ရှောက်ချင်၏ကားထဲဝင်လိုက်သည်။

  "မောင်းတော့"

  လက်ရှိ၌အရေးကြီးဆုံးအရာမှာ ဤနေရာမှထွက်သွားရန်ဖြစ်သည်။ရှန်ရှောက်ချင်မှအတော်အတန်‌ေဝးဝေးသွားပြီးသော် မိမိသည်သူ့အားသတ်တော့ဖြတ်တော့မတတ်ကြည့်လိုက်သည်။

  "ဘာမှားလို့လဲ"

  ရှန်ရှောက်ချင်သည် မိမိအားသူ၏နှစ်လိုဖွယ်ကောင်းသောအပြုံး‌‌ေလးအား ပေးအပ်လာခဲ့သည်။ထိုသည်မှာသူသည်စောနက သူ၏ရှက်ဖွယ်ရာအပြုအမူအားလုံးလုံးလျစ်လျူရှုထားသလိုပင်။

  မိမိသည်အသက်ပြင်းပြင်းရှူလိုက်ပြီး စကားသုံးလုံးအားရေရွတ်လိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Onde as histórias ganham vida. Descobre agora