Ch-31

203 28 0
                                    

Paid gpမှာအပိုင်း၉၀ကျော်သွားပါပြီနော်။

Ch-31  မျှော်လင့်မထားသောဧည့်သည်

  မိမိမှာဤလုပ်ရပ်ကြောင့်လုံးဝအံ့ဩသွားရသည်။"မိမိ"မှာရှုဝေ့ရှန်အတုအားမြေကြီးပေါ်မှနေပြန်ထူလိုက်ပြီး တည်ငြိမ်စွာမေးလိုက်သည်။

  "ဘာဖြစ်ခဲ့တာလဲ။အရမ်းလန့်နေစရာမလိုပါဘူး။ငါ့ကိုဒီတိုင်းသာပြောချလိုက်။နင့်မျက်နှာကရော ဘာဖြစ်လာတာလဲ..."

  "မမ ငါ့ကိုနှစ်သိန်းလောက်ချေးပေးပါ။ငါသူများတွေဆီကပိုက်ဆံချေးခဲ့တာ။ငါသာပြန်မဆပ်နိုင်ရင် ငါသေချာပေါက်သေလိမ့်မယ်"

  "နှစ်သိန်း!အဲ့လောက်အများကြီးကိုငါဘယ်ကနေရမှာလဲ။နင်ကကျောင်းသူတစ်ယောက်ပဲရှိသေးတာလေ။တခြားလူဆီကနေနှစ်သိန်းတောင် ဘယ်လိုလုပ်ချေးလိုက်နိုင်တာလဲ"

  "မိမိ"သည်ညီမဖြစ်သူမှတောင်းဆိုလာသော ဤကဲ့သို့ပမာဏကြီးတစ်ခုကြောင့်ကြောင်အသွားရသည်။အမှန်မှာ ရှုဝေ့ရှန်သည်သူမထံ၌ဤပမာဏလောက်ရှိမရှိတွေးနေခြင်းဖြစ်သည်။

  "ငါအခုရှင်းပြဖို့အချိန်မရှိဘူး။ငါတစ်ကယ်ကို...."

  မိမိမှာညီမဖြစ်သူ၏ဆင်ခြေများအားနားထောင်နေစဉ် အရာရာတိုင်းသည်ရုတ်ချည်းမှောင်မိုက်သွားသည်။

  မိမိသည်လည်းခေါင်းအစခြေအဆုံးအေးစက်သောခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။အရမ်းအေးတာပဲ။

  မိမိသည်လက်ချောင်းများအားလှုပ်ရန်ကြိုးစားလိုက်သည်။အလုပ်ဖြစ်တယ်ဟ။ငါအပြင်ကိုပြန်ရောက်နေပြီလား။

  မိမိသည်မျက်လုံးအကာအားဆွဲဖယ်လိုက်ရာ ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်ဖြင့်ဂနာမငြိမ်ဖြစ်နေသည့်အဘွားမုန့်အားမြင်လိုက်ရသည်။မိမိမှာကိုယ့်ဘာသာကိုယ်ပြန်ကြည့်လိုက်ရာ မိမိသည်ရေအေးတစ်ပုံးဖြင့်လောင်းချခံထားရကြောင်းတွေ့လိုက်ရသည်။မိမိတစ်ကိုယ်လုံးမှာစိုရွှဲနေတော့သည်။

  *ဟပ် ချိုး*

  မိမိမှာနှာချေလိုက်မိသည်။မိမိမှအဘွားမုန့်အားဘာဖြစ်နေသည်ကိုမမေးရသေးခင်မှာပင် သူမကမိမိအားကုတင်ပေါ်မှနေတွန်းထုတ်လာသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now