Ch-36

191 16 0
                                    

ပရိုမိုးရှင်းကဒီနေ့နောက်ဆုံးပါနော်။ဝင်ချင်တဲ့ကလေးတွေ ဝင်ထားကြ။မနက်ဖြန်ဆိုပုံမှန်ဈေးဖြစ်သွားပါမယ်နော်။

Ch-36  ငါနဲ့ချိန်းတွေ့ပေး

  ဒါပေမယ့်ဘာလို့သူကအားကစားဝတ်စုံကြီးဝတ်ထားတာလဲ။အစောပိုင်းကသူဝတ်ထားတာဒီလိုမဟုတ်ပါဘူး...သူဒီကိုလာဖို့ရည်ရွယ်ချက်ရှိရှိနဲ့အိမ်ပြန်ပြီးအဝတ်လဲလာတာလို့တော့ငါ့ကိုမပြောနဲ့နော်။

  မိမိလည်းရှင်းလင်းနေရာမှရပ်ကာ စုယန်ထံပြေးသွားလိုက်သည်။

  "ရှင်ဘယ်လိုလုပ်ဒီရောက်နေတာလဲ"

  "ဒါကငါမင်းကိုမေးရမယ့်မေးခွန်းလေ။မင်းကဘာလို့ဒီရောက်‌ေနတာလဲ။ငါ့လက်ထောက်လုပ်ရတာစိတ်မ‌ေကျနပ်လို့ ကျောင်းအဖွဲ့အစည်းတစ်ခုရဲ့လက်‌ေထာက်တစ်ယောက်ဖြစ်လာဖို့ဆုံးဖြတ်လိုက်တာလား။ငါကမင်းအတွက်လုံလုံလောက်လောက်ဒုက္ခမပေးလို့လား"

  စုယန်မှာမိမိဆီတစ်လှမ်းချင်းလျှောက်လာသည်။လျှောက်လာရင်းသူသည်မိမိကိုကူပြီးဘက်စကက်ဘောလုံးတစ်လုံးကိုကောက်ပေးလာသည်။

  "ကျွန်မကအခြားလူရဲ့လက်ထောက်ဖြစ်သွားလို့ရှင်သဝန်တိုနေတာလား။စိတ်မပူပါနဲ့။ရှင်ကအရမ်းစိတ်ရှုပ်စရာကောင်းတယ်လေ။ဘယ်သူကမှရှင့်ရဲ့စိတ်ရှုပ်စရာရာထူးကိုမခြိမ်းခြောက်နိုင်ပါဘူး။စိုးရိမ်မနေနဲ့"

  မိမိသည်အပေါ်ယံတွင်တော့မြှောက်ပင့်နေပြီး အတွင်းမှာတော့သူ့ကိုဖယ်ထုတ်ထားသည်။မိမိသည်စုယန်ထံမှဘောလုံးကိုယူရန်လက်မြှောက်လိုက်သည်။

  သို့သော်စုယန်သည်ဘောလုံးအားမိမိထံမပေးခဲ့ပေ။ထိုအစားသူသည်လှပသောသုံးမှတ်တန်ပစ်ချက်ကိုမိမိရှေ့တွင်ပြုလုပ်လိုက်သည်။သူသည်ဂုဏ်ယူစွာဖြင့်သူ၏မေးအားပင့်လိုက်သည်။

  "မင်းက၂၅နှစ်ရောက်နေပြီဆိုတာအသိသာကြီးကိုတောင်မှ ကလေးမလေးတစ်‌ေယာက်လို အားကစားဝတ်စုံဝတ်နေတယ်။ငယ်အောင်ဝတ်လိုက်ရုံနဲ့ မင်းက၁၈နှစ်ပြန်ဖြစ်သွားမယ်လို့များ ထင်နေတာလား။မင်းအသက်ကဒီလောက်တောင်ရှိနေပြီကို ကလေးတစ်သိုက်နောက်လိုက်ဖမ်းနေတုန်းပဲ။ပုံမှန်ဆိုရင် ငါကမင်းကိုတစ်ခုခုလုပ်ဖို့မေးလိုက်ရင် မင်းကအမြဲပင်ပန်းနေပြီဆိုပြီးစောဒကတက်နေကျလေ။ဒါတောင်ဘက်စကက်ဘောအဖွဲ့အစည်းအတွက်မင်းမှာစွမ်းအင်တွေရှိသေးတယ်ပေါ့။ငါတော့မင်းကိုတအားကောင်းကောင်းဆက်ဆံထားမိပြီလို့ထင်တယ်....ဒီလိုဆိုရင်တော့လက်မခံနိုင်စရာပဲ။ငါမင်းရဲ့လုပ်အားကိုတိုးကိုတိုးရတော့မယ်"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now