Ch-8

562 59 0
                                    

CH-8 သဘောတူစာချုပ်

  "မင်းလုပ်သင့်တာအကုန်လုံးကအဲ့မှာလက်မှတ်ထိုးဖို့ပဲ"

  စုယန်သည်ခေါင်းယမ်းကာစကားတစ်ခွန်းမှရှင်းပြမနေဘဲအခန်းထဲမှထွက်ရန်လှည့်လိုက်သည်။

  "ဟေး!မသွားနဲ့ဦး!ဒါကဘာလဲဆိုတာကျွန်မကိုရှင်းပြဦး"

  မိမိသည်စုယန်၏ကျောဘက်မြင်ကွင်းအားကြည့်ရင်း အိပ်ရာထက်မှထကာစာရွက်စာတမ်းများဖြင့်သူ့နောက်လိုက်သွားလိုက်သည်။

  သူသည်မိမိကဲ့သို့ဒေါသထွက်မနေခဲ့ပေ။စုယန်သည်ဆိုဖာထက်နားနားနေနေထိုင်ချလိုက်သည်။

  "ငါမနေ့ညကအဲ့စာချုပ်ကိုရေးဆွဲခဲ့တာ။ငါတို့ကတူညီတဲ့အမိုးတစ်ခုတည်းအောက်မှာ အတူနေကြတော့မှာဆိုတော့ မင်းလိုက်နာရမယ့်စည်းကမ်းတွေနဲ့မင်းလုပ်ဖို့တားမြစ်ထားတဲ့အရာတွေပါတယ်"

  မိမိသည်စိတ်အနှောင့်အယှက်ဖြစ်နေပြီး မိမိလက်မလောက်အထူရှိသည့်စာရွက်စာတမ်းကိုစတင်လှန်လှောကြည့်လိုက်သည်။မိမိသည်အကြောင်းအရာအားမဖတ်ရသေးသော်ငြားစာမျက်နှာများကိုလှန်ရင်းဆိုးဝါးသောအကြံတစ်ခုရနေခဲ့သည်။ယခုတွင်တော့မိမိ၏စ်ိတ်ရှည်မှုသည်ကုန်ဆုံးသွားလေပြီ။

  "ဒီဟာကကျွန်မရဲ့ မူလတန်း၊အလယ်တန်း၊အထက်တန်းနဲ့တက္ကသိုလ်စည်းကမ်းတွေပေါင်းထားတာရဲ့နှစ်ဆတောင်ရှိနေတယ်"

  မိမိလက်များအားလှုပ်ခါလိုက်ကာ စာရွက်များပွတ်တိုက်မိ၍ဆူညံသံများကိုဖန်တီးလိုက်သည်။မိမိသည်ပြောမပြတတ်အောင်ပင်အံ့သြသွားရသည်။မိမိမှာအမှန်အတိုင်းသူရေးထားသည့်အရာများကိုစပ်စုကြည့်လိုက်သည်။

  "အဆုံးမှာတော့ ငါကယောကျာင်္းလေး မင်းကမိန်းကလေးလေ။ငါတို့တွေစည်းကမ်းသတ်မှတ်ထားတာပိုကောင်းပါတယ်"

  စုယန်သည်ဆိုဖာပေါ်ခြေချိတ်ထိုင်နေစဉ် မိမိသည်သူ့ကော်ဖီအားတစ်ငုံယူသောက်လိုက်သည်။သူသည်အေးစက်သောအငွေ့အသက်များပေးလာသည်။

  "မနက်ခင်းအစောကြီးမှာရှင်ကကော်ဖီသောက်နေတယ်ပေါ့လေ။ဘယ်လိုများကြိုးစားခဲ့တာလဲ"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now