Ch-16

429 48 0
                                    

အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်တာကြာသွားပါတယ်။အိမ်း အခုပြန်လာပါပြီရှင့်...

Ch-16 အဖွားမုန့်

  ဟွမ်ဇီဝမ်သည်သူ၏ခေါင်းအားငုံ့နေခဲ့သည်။သူသည်မိမိမှာတည်ရှိမနေသလိုပြုမူနေသည်။သူသည်ပြန်မဖြေလာခဲ့ပေ။

  "ငါ့ကိုကြည့်လိုက်စမ်းပါ။နင်ငါ့ကိုမြင်ရတယ်ဆိုတာငါသိတယ်"

  မိမိသည်သူ့ထံလက်ညှိုးထိုးပြလိုက်သည်။

  "စကားပြောကြရအောင်"

  ဟွမ်ဇီဝမ်သည်မိမိထံမဝံ့မရဲငေးကြည့်လာခဲ့သော်ငြား ချက်ချင်းဆိုသလိုအောက်ကိုငုံ့ကြည့်နေခဲ့ပြန်သည်။သူ၏ရိုကျိုးနေသာကိုယ်နေဟန်ထားကြောင့် မိမိမှာသူ၏နဖူးပြင်ကိုသာမြင်နေရတော့သည်။

  "နင်ကတစ်ကယ်တော့အသက်ရှင်နေတုန်းပဲ။အဲ့ဒါနင့်ရဲ့ဝိညာဉ်ကနင့်ကိုယ်ထဲကနေယာယီထွက်သွားရုံလေးတင်။နင်ပြန်ဝင်ချင်လား။ဒီဘဝကိုပြန်လာပြီး နင်မြတ်နိုးတဲ့လူနဲ့ဆက်နေချင်လား"

   ဟွမ်ဇီဝမ်သည်မိမိအားထိတ်လန့်‌ေနခဲ့ပုံပေါ်သည်။ယခုတွင်တော့ သူ၏ခေါင်းသည်သူ့ကိုယ်ထဲသိသိသာသာကျုံ့ဝင်သွားကာ သူသည်မရပ်မနားနောက်ဆုတ်နေတော့သည်။

  "လှုပ်နေတာရပ်လိုက်တော့"

  မိမိသည်သူ့အားရပ်တန့်ရန်ကြိုးစားလိုက်သည်။

  "နင်ငါ့ကိုမကြောက်ပါနဲ့။ငါနင့်ကိုဒုက္ခပေးဖို့ရောက်လာတာမဟုတ်ပါဘူး။အဲ့ဒီနေ့တုန်းကနင်သာငါ့ကိုရှီယုဆီခေါ်မသွားခဲ့ပေးရင် ငါကြောက်မိတာကရှီယုကခုချိန်မှာအသက်မရှိတော့မှာကိုပဲ။လောလောဆယ်တော့ ရှီယုမှာအသက်ပြန်ရှင်ဖို့အခွင့်အရေးတစ်ခုရှိနေပြီလေ။ငါကနင့်ကိုလည်းပဲကူညီချင်လို့ဒီကိုလာခဲ့တာ...."

  မိမိသည်ဟွမ်ဇီဝမ်၏ဝိညာဉ်အားနှစ်သိမ့်ရန်ကြိုးစားရင်းတီးတိုးရေရွတ်လိုက်သည်။မိမိသည်သူ၏အ‌ခြေအနေအားကြည့်ရှူရန်သူ၏အိပ်ရာဘေးသို့သွားလိုက်သည်။

  မျှော်လင့်ထားသလိုပင် သတင်းများထဲဖော်ပြခဲ့သောကျန်ရစ်ခဲ့သည့်သားကောင်နှင့်သူ၏အ‌ခြေအနေသည်ရှီယု၏အခြေအနေနှင့်ဆင်တူလေသည်။သားကောင်များအားလုံးသည်အာရုံကြောထိခိုက်မှုကိုခံစားနေရသည်။ထို့နောက် သူတို့သတိမရနိုင်သေးခင်တွင် သူတို့သည်အကြိမ်တစ်ဒါဇင်မကပြတ်တောက်သွားခဲ့ကြသည်။မင်းအဲ့ဒါကိုဘယ်လိုမြင်လဲဆိုတာကိစ္စမရှိပါဘူးလေ။အဲ့ဒါကရည်ရွယ်ချက်ရှိရှိ၊အကြင်နာမဲ့ပြီး ကြမ်းတမ်းတာပဲ။လူသတ်သမားသည်အမှန်ကိုပြောခဲ့ခြင်းဖြစ်သည်။အခြားလူများအားသတ်ဖြတ်ရခြင်းသည် သူ့အားစိတ်ကျေနပ်စေပြီး ထိုသည်မှာသူ၏ဝါသနာဖြစ်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now