Ch-47

171 23 0
                                    

Ch-47  ရှုဝေ့ရှန်အတုနှင့်ထိပ်တိုက်ရင်ဆိုင်ခြင်း

  မိမိသည်မိမိ၏ပုံပြင်အားစိတ်အားထက်သန်စွာဖြင့်အဆုံးသတ်လိုက်ပြီး ခေါင်းမော့ကာကယ်ဗင်အားကြည့်လိုက်သည်။သူ၏အမူအယာမှာရှုံ့တွနေသည်။သေချာ‌သည်မှာ ယခုတွင်တစ်ခုခုကမှားယွင်းသည်ကိုသူအာရုံခံလိုက်မိပုံရသည်။

  "ကယ်ဗင်။နင့်နားကလူကိုသတိထားမိ....."

  "လင်းယိရှင်း"

  မိမိမှာစကားအလယ်ရောက်နေစဉ်တွင် ပြင်းထန်သောအသံတစ်သံကရုတ်ချည်းကြားဖြတ်လာသည်။မိမိတည်ဆောက်ထားသမျှခံစားချက်များအားလုံးမှာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။ပြောစရာမလိုအောင်ပင် မိမိမှာလန့်ဖြပ်သွားပြီး တုန်လှုပ်ကာမှောက်လျက်လဲကျသွားတော့သည်။ကယ်ဗင်နှင့်မိမိသည် ဒေါသရင်းမြစ်ထံမိမိတို့လည်ပင်းများအားဆန့်ကြည့်လိုက်ကြသည်။စုယန်သည်တံခါးအားကန်၍ဖျက်စီးပစ်လိုက်ပြီး မိမိတို့ထံဝရောသောပါးပြေးချလာသည်။

  စုယန်မှာမိမိအားလမ်းကြောင်းနှောင့်နှေးအောင်လုပ်လိုက်ခဲ့လေပြီ။သူ၏အရှိန်ကြောင့် သူသည်တစ်လျှောက်လုံးလေပြင်းအားသယ်ဆောင်လာခဲ့သည်။သူမှမိမိရှေ့၌ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်ချိန်တွင်တော့ လေတစ်သုတ်‌ရောက်လာပြီး ‌မိမိ၏လျော့တိလျော့ရဲဆံပင်မှာဝဲလွှင့်သွားသည်။

  သူရောက်လာသည်နှင့် သူသည်မိမိအားစစ်ဆေးရန်မိမိလက်မောင်းများနှင့်ခြေထောက်များအားစပြီးမ,ကြည့်‌ေတာ့သည်။

  "မင်းအဆင်ပြေရဲ့လား။မင်းတစ်နေရာရာနာသွားသေးလား"

  သူသည်စိုးရိမ်တကြီးမေးလိုက်သည်။

  "ဒါပေါ့။ကျွန်မအဆင်ပြေပါတယ်။ဘာဖြစ်လို့လဲ။ရှင်ကဘယ်လိုလုပ်ပြီးအသက်ရှူကျပ်မတတ်ဖြစ်လာရတာလဲ"

  မိမိသည်စုယန်လက်ပေါ်ကိုင်လိုက်ရာ သူသည်မိမိအားကြမ်းပြင်ပေါ်မှဆွဲထူပေးလာသည်။မိမိသည်အခြားလက်တစ်ဖက်ဖြင့် မိမိတင်ပါးပေါ်မှဖုန်အားခါထုတ်လိုက်သည်။

  စုယန်သည်ပြန်မဖြေလာခဲ့ပေ။သူသည်မိမိလက်ကိုလည်းလွှတ်မ‌ချလိုက်‌ေပ။ထိုအစားသူသည်မိမိအားသူ့နောက်ပို့လိုက်ကာ ကယ်ဗင်အားပြင်းပြင်းထန်ထန်ရင်ဆိုင်လိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now