Ch-28

256 26 0
                                    

Ch-28. ငါသရဲထပ်ခြောက်ခံရတယ်

  မိမိသည်စုယန်အားတိုးတိုးလေးသတိပေးလိုက်သည်။

  "ဒါကလူတွေအများရှိတဲ့ပြည်သူပိုင်နေရာနော်။ရှင်ကကျွန်မရဲ့ဆရာဆိုတာရှင်းနေတာကို ရှင့်ပုံရိပ်ကိုထိန်းထားပေးနိုင်မလား။ကျွန်မတို့ရဲ့ဒီလိုပုံကိုလူတွေမြင်သွားမှာမကြောက်ဘူးလား"

  စုယန်သည်သဘာဝကျကျပင် မိမိလက်အားလွှတ်ပေးကာအပေါ်ထပ်ရှိအခန်းတစ်ခုဆီခေါ်သွားသည်။

  "ရှင်ကအခန်းတစ်ခန်းရတာလား"

  မိမိသည်အံ့ဩတကြီးမှတ်ချက်ချလိုက်သည်။

  "ဘယ်အခန်းကိုရ ရမှာလဲ"

  စုယန်သည်မျက်လုံးများအားလှိမ့်လိုက်သည်။

  "ဝန်ထမ်းအဖွဲ့ဝင်တွေခဏနားရအောင် ကျောင်းကနေဒီအခန်းကိုငှားပေးထားတာ"

  စုယန်သည်လက်ပိုက်လိုက်ပြီး မိမိထံပြင်းပြင်းထန်ထန်ကြည့်လာသည်။

  "မင်းဒီကိုဘာလို့လာတယ်ဆိုတာကို ငါ့ဆီမပြောရသေးဘူးနော်"

  "လာတာမလာတာက ကျွန်မကိစ္စပါ။ကျွန်မကရှင့်ကိုဘာလို့ပြောသင့်တာလဲ..."

  မိမိသည်ခပ်တိုးတိုးဆိုလိုက်သည်။အမှန်မှာတော့ မိမိခံစားချက်မှာဂနာမငြိမ်ဖြစ်နေပြီး လက်များအားအချင်းချင်းဆက်တိုက်ပွတ်တိုက်နေသည်။

  "ပြောရမယ်ဆိုရင် ရှင်လည်းဒီကိုလာမယ်လို့မပြောခဲ့ဘူးပဲလေ.."

  "မင်းဒီကိုဟာသလာလုပ်ပြနေတာမဟုတ်ဘူးဆိုတာ သေချာရဲ့လား။ဘာလို့မင်းကဒီလိုတွေဝတ်ထားတာလဲ"

  စုယန်သည် ဝေဖန်သည့်လေသံဖြင့်ခွန်းတုံ့ပြန်လာသည်။

  "ကျွန်မ...မလာခင်တုန်းက ဒီလိုပါတီမျိုးဖြစ်လိမ့်မယ်လို့ သတိမထားမိခဲ့ဘူးလေ။အမှန်တိုင်းပြောရရင် ကျွန်မလန့်သွားခဲ့တာ..."

  မိမိမှာ အဆုတ်၏လုပ်နိုင်စွမ်းပျောက်ဆုံးသွားသလို မိမိအသံသည် တစ်စထက်တစ်စသတ္တိကြောင်လာသည်။

  စုယန်သည်မိမိအားရှုံးနိမ့်သွားရပြီး သူ့နဖူးပေါ်လက်တင်ကာ ရှေ့နောက်ပွတ်နေတော့သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now